မြေလှုပ်ခြင်း (၄) မျိုး

၁။ ဆင်ကဲ့သို့ လှုပ်ခြင်း - အနောက်မြောက်ထောင့်မှ အရှေ့တောင်ထောင့်သို့ လှုပ်ခြင်း၊ ရာသီအားဖြင့် မိဿ၊ ပြိဿ၊ ပြိစ္ဆာ၊ ဤ ၃ ရာသီ၌ တနင်္ဂနွေရပ်စဉ် လှုပ်ခြင်း။ အကျိုးကား မိုးကောင်းအံ့၊ လူတို့ဝပြောအံ့။
၂။ ဝက်ကဲ့သို့ လှုပ်ခြင်း - အနောက်တောင်ထောင့်မှ အရှေ့မြောက်ထောင့်သို့ လှုပ်ခြင်း၊ ရာသီအားဖြင့် သိဟ်၊ ကန်၊ ဓနု၊ ဤ ၃ ရာသီ၌ တနင်္ဂနွေရပ်စဉ် လှုပ်ခြင်း။ အကျိုးကား ချမ်းသာစီးပွားများအံ့။
၃။ မြွေကဲ့သို့ လှုပ်ခြင်း - အရှေ့အနောက်လှုပ်ခြင်း၊ ရာသီအားဖြင့် မေထုန်၊ ကုန်၊ တူ ဤ ၃ရာသီ၌ တနင်္ဂနွေရပ်စဉ် လှုပ်ခြင်း၊ အကျိုးကား ငတ်မွတ်ခေါင်းပါးအံ့။
၄။ လိပ်ကဲ့သို့ လှုပ်ခြင်း - တောင်မြောက်လှုပ်ခြင်း၊ ရာသီအားဖြင့် ကြဋ်၊ မကာရ၊ မိန် ဤ ၃ ရာသီ၌ တနင်္ဂနွေရပ်စဉ် လှုပ်ခြင်း၊ အကျိုးကား အနာရောဂါများအံ့။