ဘုရားရှင်တို့ ကြွတော်မူသော် ခြေတော်ရာ မထင်ခြင်းအကြောင်း (၃) ပါး

၁။ အသားအရေနူးညံ့သိမ်မွေ့လှသဖြင့် ဝါဂွမ်းကို ချ၍ အရာမထင်ဘိသကဲ့သို့ လည်းကောင်း။
၂။ ခွန်အားကြီးသော သိန္ဓောမြင်းသည် ကြာရွက်တွင် နင်းသော်လည်း အရာမထင်ဘိသကဲ့သို့လည်းကောင်း။
၃။ ခြေတော်ရာထင်ပါမူကား လူအပေါင်း မနင်းဝံ့သည်ဖြစ်၍ ခရီးသွားဆိတ်လတ္တံ့သည်ကို မြင်တော်မူသောကြောင့်လည်းကောင်း။