နောင်ပြင်ရန်ခက်သည့် (၅) မျိုး

၁။ အိမ်ထောင်မှု - အမျိုးသားကောင်း သားသမီးများသည် အိမ်ထောင်ပြုပြီးပါက ပြန်ပြင်ရန် ခက်၏။
၂။ ဘုရားတည် - ဘုရားတည်ပြီးပါက ပြန်ပြင်ရန် ခက်၏။
၃။ ဆေးမင်ရည်စုတ်ထိုး - ဆေးမင်စုတ်ထိုးပြီးပါက ပြန်ပြင်ရန် ခက်၏။
၄။ ကျောင်းထိုင်ပင့်မြတ်သံဃာ - မိမိငွေကြေးတတ်နိုင်၍ ကျောင်းဆောက်ပြီး ဘုန်းကြီးရှာ ကျောင်းအပ်လှူ၊ နောင်အခါ သဘောချင်းမတိုက်ဆိုင်၍ ဘုန်းကြီးကို ကျောင်းပေါ်မှ နှင်ချ၊ ဘုန်းကြီးက မသွား၊ မိမိသာ အပါယ်သွား၏။
၅။ စာချုပ်ရန် ခက်သည့်အမျိုး - စာချုပ်ချုပ်ပြီး လက်မှတ်ထိုးပြီးပါက ပြန်ပြင်၍ မရပြီ။

လင်္ကာ။ ။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ကျောင်းထိုင်ပင့် မြတ်သံဃာ၊ စာချုပ်ရန် ခက်သည့်အမျိုး။