သမားအင်္ဂါ (၁၅) ပါး

၁။ ပဉ္စသီလ ငါးပါးမြဲခြင်း၊
၂။ ဝိပဿနာ ဘာဝနာ အမြဲနှလုံးသွင်းခြင်း၊
၃။ နှုတ်သစ္စာ တည်မြဲခြင်း၊
၄။ လောဘ ဒေါသမရှိ သည်းခံခြင်း၊
၅။ မာနတရား မရှိခြင်း၊
၆။ စကားချိုသာခြင်း၊
၇။ ချစ်ခင်ဖွယ် သန့်ရှင်းစင်ကြယ်ခြင်း၊
၈။ မခေါ်ဘဲ သူတပါးအိမ်သို့ မလည်ခြင်း၊
၉။ သုံးဆယ့်တစ်ဘုံ ဝေနေယျတို့အား နေ့ည မေတ္တာပို့ခြင်း၊
၁၀။ ကျမ်းစာဗေဒင် သိမြင်တတ်ကျွမ်းခြင်း၊
၁၁။ ဆေးကျမ်း အစောင်စောင် လေ့လာခြင်း၊
၁၂။ အဘိဓမ္မာတရား၌ လိမ္မာခြင်း၊
၁၃။ လက်တွေ့ကုထုံး စုံလင်ဆည်းပူးခြင်း၊
၁၄။ ဆေးကုရာ၌ ပညာဖြင့် ဆင်ခြင်ခြင်း၊
၁၅။ သူနာလက္ခဏာနှင့် ရုပ်ကို ကြည့်၍ ပိုင်းဖြတ်နိုင်ခြင်း။