ဘုရားလောင်းတို့ မဖြစ်ထိုက်သော အရပ် (၁၈) ပါး

၁။ အမိဝမ်းမှ မျက်စိကန်းသူ ဖြစ်တော်မမူ၊
၂။ အမိဝမ်းမှ နားပင်သူ ဖြစ်တော်မမူ၊
၃။ ရူးသွပ်ပျံ့လွင့်သူ ဖြစ်တော်မမူ၊
၄။ အရိယိုသူ ဖြစ်တော်မမူ၊
၅။ ဆွံ့သူ ဖြစ်တော်မမူ၊
၆။ မိလက္ခုတောင်သူမျိုး၌ ဖြစ်တော်မမူ၊
၇။ ကျွန်မဝမ်း၌ ဖြစ်တော်မမူ၊
၈။ နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်တော်မမူ၊
၉။ လိင်ပြန်သူ ဖြစ်တော်မမူ၊
၁၀။ အနန္တရိယကံ ငါးပါးကို ပြုတော်မမူ၊
၁၁။ နူသောအနာရှိသူ ဖြစ်တော်မမူ၊
၁၂။ တိရစ္ဆာန်အမျိုး၌ ငယ်စွအဆုံး ငုံးငှက်အောက်အယုတ်၊ ကြီးစွအဆုံး ဆင်ပြောင်ထက် လွန်တော်မမူ၊
၁၃။ ခုပ္ပိပါသိကပြိတ္တာ၊ နိဇ္ဈာမတဏှိကပြိတ္တာ၊ ကာလကဉ္စိက အသူရာတို့၌ ဖြစ်တော်မမူ၊
၁၄။ အဝီစိငရဲ၊ လောကန္တရက်ငရဲတို့၌ ဖြစ်တော်မမူ၊
၁၅။ ကာမာဝစရနတ်တို့တွင် မာရ်နတ် ဖြစ်တော်မမူ၊
၁၆။ ရူပါဝစရဘုံတွင် အသညသတ်ဘုံ၊ သုဒ္ဓါဝါသဘုံ၌ ဖြစ်တော်မမူ၊
၁၇။ အရူပဘုံ၌ ဖြစ်တော်မမူ၊
၁၈။ တပါးသော စကြာဝဠာတို့၌ ပြောင်း၍ ဖြစ်တော်မမူ။