သိမ်ပျက် (၁၁) ပါး

၁။ အလွန်သေးငယ်သောသိမ် - (၂၁) ပါးသော ရဟန်းတို့ မစည်းဝေးလောက်သည်ဖြစ်သော အနံ (၉) ပေခွဲ၊အလျား ၁၀ ပေထက်မငယ်ရ။
၂။ အလွန်ကြီးသော သိမ် - ဒေါင့်တဖက်နံရံမှ၊ဒေါင့်တဖက်နံရံသို့ (၃)ဇယူနာထက် မကျယ်ရ၊ (၂၇) မိုင်(၂)ဖါလုံအတောင်(၈၀)
၃။ နိမိတ်ကျိုးသောသိမ် - အရှေ့အရပ်မျက်နှာမှစ၍ အရပ်ရှစ်မျက်နှာသို့၊ လက်ျာရစ်လည်ပြီး နိမိတ်ကြားသည့်အခါ အရှေ့မျက်နှာသို့ထပ်မိသည့်တိုင်အောင်နိမိတ်မကြားမိသောသိမ်။
၄။ အရိပ်နိမိတ်ရှိသောသိမ် - တောရိပ်၊ တောင်ရိပ်၊သစ်ပင်ရိပ်တို့တွင်တခုခုအရိပ်ကို နိမိတ်ပြု၍ သမုတ်အပ်သော သိမ်။
၅။ နိမိတ်မရှိသော သိမ် - နိမိတ်တခုကိုမျှမကြားပဲသမုတ်အပ်သောသိမ်။
၆။ သိမ်အပ၌နေ၍ သမုတ်အပ်သောသိမ် - နိမိတ်ကိုကြားပြီးလျှင် နိမိတ်အပြင်ဖက်မှနေ၍ သမုတ်အပ်သောသိမ်။
၇။ မြစ်၌သမုတ်အပ်သောသိမ်။
၈။ သမုဒ္ဒရာ၌ သမုတ်အပ်သော သိမ်။
၉။ ဇာတဿရ အိုင်၌ သမုတ်အပ်သော သိမ်။
၁၀။ မိမိသိမ်နှင့် သူတပါးသိမ်ကိုစပ်၍ သမုတ်အပ်သော သိမ်။
၁၁။ မိမိသိမ်ဖြင့် သူတပါးသိမ်ကို လွှမ်းမိုး၍ သမုတ်အပ်သောသိမ်။