ပဏာမ (၃) မျိုး

၁။ ကာယပဏာမ - ကိုယ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း။
၂။ ဝစီပဏာမ - နှုတ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း။
၃။ မနောပဏာမ - စိတ်ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း။

တနည်း

၁။ ဝန္ဒနာပဏာမ - ဦးခေါင်းမြေချ ဒူးတုပ်ကွ၍ ရှိခိုးခြင်း။
၂။ ထောမနာပဏာမ - ရိုသေညွတ်ကျိုး မြတ်နိုးသော စိတ်ဖြင့် ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း။
၃။ အဉ္ဇလီပဏာမ - ရိုသေညွတ်ကျိုးသော စိတ်ဖြင့် ကိုယ်ကို အနည်းငယ် ညွတ်ကိုင်း၍ လက်အုပ်ချီခြင်း။