နိဗ္ဗာန်ရောက်ကြောင်း ဉာဏ် (၁၆) ပါး

၁။ နာမရူပ ပရိစ္ဆေဒဉာဏ် - ဘုံသုံးပါး၌ ရုပ်နာမ်နှစ်ပါးကို ပိုင်းခြား၍ သိသောဉာဏ်၊
၂။ ပစ္စယပရိဂ္ဂဟဉာဏ် - ရုပ်နာမ်နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်၊
၃။ သမ္မသနဉာဏ် - ရုပ်နာမ်နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သုံးသပ်သောဉာဏ်၊
၄။ ဥဒယဗ္ဗယဉာဏ် - ရုပ်နာမ်နှစ်ပါး၏ ဖြစ်ပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသော ဉာဏ်၊
၅။ ဘင်္ဂဉာဏ် - ရုပ်နာမ်နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်၊
၆။ ဘယဉာဏ် - ရုပ်နာမ်နှစ်ပါးပျက်စီးခြင်းကို ဘေးဟူ၍ ရှုသည်၏အစွမ်းဖြင့် ထင်မြင်သောဉာဏ်၊
၇။ အာဒီနဝဉာဏ် - ထိုဘေးကို ဆင်းရဲခြင်းအပြစ်ဟု ရှုသည်၏အစွမ်းဖြင့် ဖြစ်သောဉာဏ်၊
၈။ နိဗ္ဗိန္ဒဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာ ငြီးငွေ့ဖွယ်ဟု မြင်သောဉာဏ်၊
၉။ မုဉ္စိတုကမျတာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ ညွှတ်သောဉာဏ်၊
၁၀။ ပဋိသင်္ခါဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်း ဖြစ်ရန်ဆင်ခြင်သောဉာဏ်၊
၁၁။ သင်္ခါရုပေက္ခာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်းတို့မှ ကြဉ်ရှောင်၍ လျစ်လျူပြုသောဉာဏ်၊
၁၂။ အနုလောမဉာဏ် - ရှေးဉာဏ်များ ဖြစ်ပေါ်ပြီးမြောက်သဖြင့် သတိပဋ္ဌာန်စသော ဗောဓိပက္ခိယတရား (၃၇) ပါးတို့အားလျော်စွာ ဖြစ်သောဉာဏ်၊
၁၃။ ဂေါတြဘူဉာဏ် - ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်၊
၁၄။ မဂ္ဂဉာဏ် - နိဗ္ဗာန်ကို သိမြင်သော မဂ်ဉာဏ်၊
၁၅။ ဖလဉာဏ် - နိဗ္ဗာန်ကို သိမြင်သော ဖိုလ်ဉာဏ်၊
၁၆။ ပစ္စဝေက္ခဏာဉာဏ် - မဂ်ဖိုလ် နိဗ္ဗာန်ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်သောဉာဏ်။