မိန်းမတို့၏ အပြစ် (၇) ပါး

၁။ အနျတံ - မဟုတ်မမှန် ပြောဆိုခြင်း၊
၂။ သာဟသံ - လျှို့ဝှက်ခြင်း၊
၃။ မာယာ - လှည့်ပတ်ခြင်း၊
၄။ မုဍ်တွံ - မိုက်မဲတွေဝေခြင်း၊
၅။ အတိလောဘတာ - အလွန်လောဘကြီးခြင်း၊
၆။ အသောစ - မစင်ကြယ်ခြင်း၊
၇။ နိဒယတွံစ - မသနားခြင်း။
စာဏကျနီတိ မှ

တစ်နည်း

၁။ အသတျံ - ဖောက်ပြန်မှားယွင်းတတ်သော မိစ္ဆာစာရ အကျင့်ကို ကျင့်တတ်ခြင်း၊
၂။ သာဟတံ - မစူးမစမ်း အရမ်းမဲ့ အမှုကိစ္စတို့ကို ပြုတတ်ခြင်း၊
၃။ မာယာ - ကောက်ကျစ်စဉ်းလဲ အနည်းနည်းသော မာယာများတတ်ခြင်း၊
၄။ မစ္ဆရိယံ - ဝန်တိုမိစ္ဆာရှိတတ်ခြင်း၊
၅။ အတိလုဒ္ဓတာ - တဏှာရာဂ လောဘရမ္မက် အလွန်အားကြီးတတ်ခြင်း၊
၆။ နိဂ္ဂုဏတွံ - အဆန်းတကြယ် စီမံအပ်သော ကိစ္စတို့၌ မသိမလိမ္မာခြင်း၊
၇။ အသောစတွံ - အတွင်းအပဖြစ်သော အပြစ်တို့၌ မစင်ကြယ်သော စိတ်ရှိတတ်ခြင်း။