ပဋိသန္ဓေနေခြင်းကာလ အပိုင်းအခြား (၉) ပါး

၁။ ကလလသတ္တာဟ = ရေကြည်အဖြစ်ခုနစ်ရက်။
၂။ အဗ္ဗုဒသတ္တာဟ = အမြှုပ်အဖြစ်ခုနစ်ရက်။
၃။ ပေသိသတ္တာဟ = သားတစ်အဖြစ် ခုနစ်ရက်။
၄။ ဃနသတ္တာဟ = မာချောကျစ်လျစ် သောအဖြစ်ခုနစ်ရက်။
၅။ ပသာခသတ္တာဟ = ခြေလက်ဦးခေါင်း စသောခက်မငါးဖြာဖြစ်ပေါ်သောခုနစ်ရက်။
၆။ ပရိပါကပဉ္စသတ္တာဟ = ပသာဒရုပ် မပါသေးဘဲ နား နှာ မျက်စိပေါ်လျက် သတ္တဝါကောင် ပီသစွာနေသော ခုနစ်ရက်ငါးလီ။
၇။ စက္ခာဓိသတ္တာဟ = စက္ခုသောတ ဃာန ဇိဝှာရုပ်လေးခု တစ်ပြိုင်တည်းပေါ်သောခုနစ်ရက်။
၈။ ပရိပါကသတ္တာဟသုံးဆယ် = အထက်ပါ ဖြစ်ပေါ်ပြီးသတ္တဝါကို ရင့်ကျက်စေသော ခုနစ်ရက် အလီပေါင်း ၃၀။
၉။ ကေသာဒိသတ္တာဟ = ဆံအမွေး ခြေသည်း လက်သည်းတို့ ဖြစ်ပေါ်သောခုနစ်ရက်။ စုစုပေါင်း နှစ်ရာကိုးဆယ့်လေးရက်၊ လနှင့်တွက်သော် ၉ လ ၂၄ ရက်၊ ဤအခါတွင် သတ္တဝါတစ်ကောင် ပီသစွာ ရင့်မာခိုင်ခံ့၍ ဖွားမြင်ခြင်းငှာလျောက်ပတ်တော့သည်။ ၉ လနှင့် ၂၄ ရက်ကို ယေဘုယျသိုလိုက်၍ ဆယ်လမှ ဖွားသည်ဟုဆိုကြလေသည်။