သမ္ပဒါတရား (၄) ပါး

=လောကီ
၁။ ဥဋ္ဌာနသမ္ပဒါ - ထကြွလုံ့လဝီရိယနှင့် ပြည့်စုံခြင်း။
၂။ အာရက္ခသမ္ပဒါ - လုံ့လဝီရိယကြောင့် ရရှိသော ဥစ္စာပစ္စည်းတို့ကို မပျောက်ပျက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း။
၃။ ကလျာဏမိတ္တသမ္ပဒါ - မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းဖော်ခြင်း။
၄။ သမဇီဝိတသမ္ပဒါ - ဥစ္စာအင်အားနှင့် တိုင်းထွာ၍ ညီမျှစွာ အသက်မွေးခြင်း။

=လောကုတ္တရာ
၁။ သဒ္ဓါသမ္ပဒါ - ရတနာသုံးပါးဂုဏ်နှင့် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ခြင်း။
၂။ သီလသမ္ပဒါ - လူတို့စောင့်ရှောက်ကျင့်သုံးထိုက်သော ဂဟဋ္ဌသီလနှင့် ပြည့်စုံခြင်း။
၃။ စာဂသမ္ပဒါ - တတ်အားသမျှ သူတစ်ပါးတို့ကို ပေးကမ်းစွန့်ကြဲခြင်း။
၄။ ပညာသမ္ပဒါ - ထိုးထွင်းသော အသိပညာနှင့် ပြည့်စုံခြင်း။