မိတ်ဆွေအတု (၄) ယောက်

၁။ အညဒတ္တုဟရ - အခါခပ်သိမ်း မိမိထံမှ ပစ္စည်းဥစ္စာကိုသာ ယူဆောင်လေ့ရှိသော မိတ်ဆွေတု။
၂။ ဝစီပရမ - နှုတ်ဖြင့်သာ အကျိုးစီးပွားကို လိုယောင်ပြုလျက် တစ်စုံတစ်ခုကို ပေးအံ့သကဲ့သို့ ဝိုင်းကူ ပြုလုပ်သကဲ့သို့ ပြောဆိုပြီးလျှင် တစ်စုံတစ်ရာ လက်မပါသော မိတ်ဆွေတု။
၃။ အနုပိယဘာဏီ - ရှေ့တွင်သာ ချစ်ယောင်ပြုလျက် ချစ်ဖွယ်သော စကားကို ဆိုပြီးလျှင် မျက်ကွယ်ရာ၌ ရန်သူသဖွယ် ပြောဆိုပြုလုပ်တတ်သော မိတ်ဆွေတု။
၄။ အပါယသဟာယ - ဥစ္စာစီးပွား ပျက်ပြားဆုတ်ယုတ်တတ်သော အမှုမျိုးတို့၌ သာလျှင် အပေါင်းအဖော် ပြုလုပ်တတ်သော မိတ်ဆွေအတု။
(သုတ်ပါထေယျပါဋ္ဌိတော် သိင်္ဂါလောဝါဒသုတ်)