ရဟန်းမခံထိုက်သောသူ (၁၃) ယောက်

၁။ ပဋိသန္ဓေယူသည့် (၁၀) လပါ ထည့်ပေါင်းသည့်တိုင် အသက် (၂၀) မပြည့်သောသူ။
၂။ ပါရာဇိကံလေးပါးမှ ကျပြီးသောသူ။
၃။ ပဏ္ဍုက်၊ ယောက်ျားကောင်းစစ်စစ် မဟုတ်သောသူ။
၄။ ရဟန်းအသွင် ရဟန်းအယောင်ဆောင်ခဲ့ဖူးသောသူ။
၅။ မှားသောအယူ လက်ရှိယူလျက်ရှိသောသူ။
၆။ လူစင်စစ်မဟုတ်သောသူ (နတ် နဂါး ဘီလူး )။
၇။ အမိကို သတ်မိခဲ့သောသူ။
၈။ အဖကို သတ်မိခဲ့သောသူ။
၉။ ရဟန္တာကို သတ်မိခဲ့သောသူ။
၁၀။ သံဃာကို သင်းခွဲခဲ့ဖူးသောသူ။
၁၁။ ဘုရားကို သွေးစိမ်းထွက်အောင် ကျူးလွန်ခဲ့သောသူ။
၁၂။ ဘိက္ခုနီမကို မေထုန်ဖြင့် ကျူးလွန်ခဲ့သောသူ။
၁၃။ ဥဘတောဗျည်း၊ မိန်းမအင်္ဂါတစ်လှည့်၊ ယောက်ျားအင်္ဂါတစ်လှည့် ဖြစ်သောသူ။
(ဝိနည်းမဟာဝါ - ပါဠိတော်)