ရုပ်အခေါ် (၅) မျိုး

၁။ သဘာဝရုပ် - မိမိဥစ္စာဖြစ်သော ဘာဝ လက္ခဏာရှိ၏။
၂။ သလက္ခဏရုပ် - အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော လက္ခဏာ ရှိ၏။
၃။ နိပ္ဖန္နရုပ် - ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းတရားတို့သည် ဖြစ်တတ်သော သဘောရှိ၏။
၄။ ရူပရုပ် - ဖောက်ပြန်ပျက်စီးတတ်သော သဘောရှိ၏။
၅။ သမ္မသနရုပ် - လက္ခဏာသုံးပါးတင်၍ သုံးသပ်အပ်သော သဘောရှိ၏။
(သင်္ဂြိုဟ်)