ဝိပတ္တိတရား (၄) ပါး

၁။ သီလဝိပ္ပတ္တိ - သီလပျက်ခြင်း။
၂။ ဒိဋ္ဌဝိပ္ပတ္တိ- အယူပျက်ခြင်း။
၃။ အာစာရဝိပ္ပတ္တိ - အကျင့်ပျက်ခြင်း။
၄။ အာဇီဝဝိပ္ပတ္တိ- အသက်မွေးမှုပျက်ခြင်း။

တစ်နည်း

၁။ ဂတဝိပ္ပတ္တိ - လားရာဂတိ ဖောက်ပြန်ပျက်စီး၍ အပါယ်ငရဲကျရခြင်း။
၂။ ဥပဓဝိပ္ပတ္တိ - ရုပ်ရည်အဆင်း မလှမပ ဖောက်ပြန်ပျက်စီးခြင်း။
၃။ ကာလဝိပ္ပတ္တိ - မကောင်းသော ကာလဟု ဆိုအပ်သော မင်းဆိုးမင်းညစ် မသမာသူတို့ လက်ထပ်၌ လူဖြစ်ရခြင်း။
၄။ ပယောဂဝိပ္ပတ္တိ - မှားယွင်းသော အကျင့် အားထုတ်၍ ဖောက်ပြန်ပျက်စီးခြင်း။