သေခိယ (၇၅) ပါး (ရဟန်း သာမဏေများ ကျင့်သုံးရန်)

ပရိမဏ္ဍလဝဂ် (၁၀) ပါး
၁။ ပရိမဏ္ဍလ သိက္ခာပုဒ် - ခါးဝတ်သင်းပိုင်ကို ထက်အောက်အဝန်းညီစွာ ဝတ်ရမည်။
၂။ ပရိမဏ္ဍလ သိက္ခာပုဒ် - ကိုယ်ဝတ်ဧကသီကို ထက်အောက်အဝန်းညီစွာ ဝတ်ရမည်။
၃။ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ် - လည်ပင်းလက်ကောက်ဝတ်ကို လုံခြုံအောင် ဖုံးလျက် (သင်္ကန်းရုံလျက်) မြို့တွင်းရွာတွင်း၌ သွားရမည်။
၄။ သုပ္ပဋိစ္ဆန္န သိက္ခာပုဒ် - လည်ပင်းလက်ကောက်ဝတ်ကို လုံခြုံအောင် ဖုံးလျက် (သင်္ကန်းရုံလျက်) မြို့တွင်းရွာတွင်း၌ နေရမည်။
၅။ သုသံဝုတ သိက္ခာပုဒ် - ခြေလက်တို့ကို မကစားပဲ ဣန္ဒြေကို စောင့်စည်းလျက် မြို့တွင်း ရွာတွင်း၌ သွားရမည်။
၆။ သုသံဝုတ သိက္ခာပုဒ် - ခြေလက်တို့ကို မကစားပဲ ဣန္ဒြေကို စောင့်စည်းလျက် မြို့တွင်း ရွာတွင်း၌ နေရမည်။
၇။ ဩက္ခိတ္တစက္ခု သိက္ခာပုဒ် - လေးတောင်ခန့်မျှ ကြည့်၍ ချအပ်သော မျက်လွှာရှိသဖြင့် မြို့တွင်း ရွာတွင်း၌ သွားရမည်။
၈။ ဩက္ခိတ္တစက္ခု သိက္ခာပုဒ် - လေးထောင်ခန့်မျှ ကြည့်၍ ချအပ်သော မျက်လွှာရှိသဖြင့် မြို့တွင်း ရွာတွင်း၌ နေရမည်။
၉။ န ဥက္ခိတ္တကာယ သိက္ခာပုဒ် - သင်္ကန်းကိုပင့်လျက် မြို့တွင်းရွာတွင်း၌ မသွားရ။
၁၀။ န ဥက္ခိတ္တကာယ သိက္ခာပုဒ် - သင်္ကန်းကိုပင့်လျက် မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။

ဥဇ္ဇဂ္ဃိကဝဂ် (၁၀) ပါး
၁၁။ န ဥဇ္ဇဂ္ဃိကာယ သိက္ခာပုဒ် - ပြင်းစွာ ရယ်လျက် မြို့တွင်း ရွာတွင်း၌ မသွားရ။
၁၂။ န ဥဇ္ဇဂ္ဃိကာယ သိက္ခာပုဒ် - ပြင်းစွာ ရယ်လျက် မြို့တွင်း ရွာတွင်း၌ မနေထိုင်ရ။
၁၃။ အပ္ပသဒ္ဒ သိက္ခာပုဒ် - ငယ်သောအသံ ရှိသည်ဖြစ်၍ (တိုးတိုး) ပြော၍ မြို့တွင်း ရွာတွင်း၌ သွားရမည်။
၁၄။ အပ္ပသဒ္ဒ သိက္ခာပုဒ် - ငယ်သောအသံ ရှိသည်ဖြစ်၍ (တိုးတိုး) ပြော၍ မြို့တွင်း ရွာတွင်း၌ နေထိုင်ရမည်။
၁၅။ နကာယပ္ပစာလက သိက္ခာပုဒ် - ကိုယ်ကို လှုပ်၍လှုပ်၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၁၆။ နကာယပ္ပစာလက သိက္ခာပုဒ် - ကိုယ်ကို လှုပ်၍လှုပ်၍ မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။
၁၇။ န ဗာဟုပ္ပစာလက သိက္ခာပုဒ် - လက်ရုံးကို လှုပ်၍လှုပ်၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၁၈။ န ဗာဟုပ္ပစာလက သိက္ခာပုဒ် - လက်ရုံးကို လှုပ်၍လှုပ်၍ မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။
၁၉။ န သီသပ္ပစာလက သိက္ခာပုဒ် - ဦးခေါင်းကို လှုပ်၍လှုပ်၍ မြို့တွင်းရွာတွင်း၌ မသွားရ။
၂၀။ န သီသပ္ပစာလက သိက္ခာပုဒ် - ဦးခေါင်းကို လှုပ်၍လှုပ်၍ မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။

ခမ္ဘကတဝဂ် (၁၀) ပါး
၂၁။ န ခမ္ဘကတ သိက္ခာပုဒ် - ခါးကိုထောက်လျက် မြို့တွင်းရွာတွင်း၌ မသွားရ။
၂၂။ န ခမ္ဘကတ သိက္ခာပုဒ် - ခါးကိုထောက်လျက် မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။
၂၃။ န ဩဂုဏ္ဌိတ သိက္ခာပုဒ် - ဦးခေါင်းကို ခြုံလျက် မြို့တွင်းရွာတွင်း၌ မသွားရ။
၂၄။ န ဩဂုဏ္ဌိတ သိက္ခာပုဒ် - ဦးခေါင်းကို ခြုံလျက် မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။
၂၅။ န ဥက္ကုဋိကာယ သိက္ခာပုဒ် - ခြေဖဝါး ဆွံ့ နင်းပြုလျက် မြို့တွင်းရွာတွင်း၌ မသွားရ။
၂၆။ န ဥက္ကုဋိကာယ သိက္ခာပုဒ် - ခြေဖဝါး ဆွံ့ နင်းပြုလျက် မြို့တွင်းရွာတွင်း၌ မနေထိုင်ရ။
၂၇။ သက္ကစ္စ သိက္ခာပုဒ် - ရိုသေစွာ ဆွမ်းကိုခံရမည်။
၂၈။ ပတ္တသညီ သိက္ခာပုဒ် - သပိတ်၌ အမှတ်သညာထား၍ ဆွမ်းခံရမည်။
၂၉။ သမသူပက သိက္ခာပုဒ် - ဆွမ်း၏ ၄- ပုံ ၁-ပုံ ရသည်နှင့်အမျှ ဟင်းကိုအလှူခံရမည်။
၃၀။ သမတိတ္တိက သိက္ခာပုဒ် - သပိတ်အတွင်းအနားရေးနှင့် အမျှ ဆွမ်းအလှူခံရမည်။ ( အလိုမကြီးရ )

သက္ကစ္စဝဂ် (၁၀) ပါး
၃၁။ သက္ကစ္စ သိက္ခာပုဒ် - ဆွမ်းကို ရိုသေစွာ စားရမည်။
၃၂။ ပတ္တသညီ သိက္ခာပုဒ် - သပိတ်၌ အမှတ်သညာထား၍ ဆွမ်းကိုစားရမည်။
၃၃။ သပဒါန သိက္ခာပုဒ် - ဆွမ်းကို အစဉ်အတိုင်းစားရမည်။
၃၄။ သမသူပက သိက္ခာပုဒ် - ဆွမ်း၏၄- ပုံ ၁ - ပုံနှင့်အညီ ဟင်းကိုစားရမည်။
၃၅။ န ထူပကတော သိက္ခာပုဒ် - ဆွမ်းဦးမှ နှိပ်၍ ဆွမ်းကိုမစားရ ။
၃၆။ န သူပံ ဝါ ဗျဉ္ဇနံ ဝါ သိက္ခာပုဒ် - ဟင်းများသည်ကို အလိုရှိ၍ ဆွမ်းနှင့် ဟင်းကို မဖုံးဖိထားရ။
၃၇။ န သူပံ ဝါ ဩဒနံ ဝါ သိက္ခာပုဒ် - မိမိ မနာမဖျားပဲနှင့် ဆွမ်းနှင့် ဆွမ်းဟင်းကို သူတပါးထံမှ တောင်းမစားရ။
၃၈။ န ဥဇ္ဈာနသညီ သိက္ခာပုဒ် - ကဲ့ရဲ့လိုသော သဘောဖြင့် သူတပါး၏ ဆွမ်းစားသပိတ်ကို မကြည့်ရ။
၃၉။ နာ တိမဟန္တ သိက္ခာပုဒ် - အလွန်ကြီးသော ဆွမ်းလုပ်ကို မပြုလုပ်ရ။
၄၀။ ပရိမဏ္ဍလ အာလောပ သိက္ခာပုဒ် - အဝန်းညီသော သင့်လျှော်သော ဆွမ်းလုပ်ကို ပြုရမည်။

ကဗဠဝဂ် (၁၀) ပါး
၄၁။ န အနာဟဋေ ကဗဠေ သိက္ခာပုဒ် - ခံတွင်းဝသို့ ဆွမ်းလုပ်မရောက်မီ ပါးစပ်ဟ၍ မထားရ။
၄၂။ န ဘုဉ္ဇမာနော သိက္ခာပုဒ် - ဆွမ်းစားသောအခါ လက်ချောင်းများ ခံတွင်းအထဲသို့ မရောက်ရ။
၄၃။ န သကဗဠေန သိက္ခာပုဒ် - ခံတွင်း၌ ဆွမ်းလုပ်ရှိသော ပါးစပ်နှင့် စကားမပြောရ။
၄၄။ နပိဏ္ဍုက္ခေပက သိက္ခာပုဒ် - ဆွမ်းလုပ်ကို မြှောက်၍ မြှောက်၍ မစားရ။
၄၅။ န ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် - ဆွမ်းလုပ်ကို ကိုက်ဖြတ်၍ မစားရ။
၄၆။ န အဝဂဏ္ဍကာရက သိက္ခာပုဒ် - ဆွမ်းလုပ်ကို ပါးတဖက်ဖောင်း၍ မစားရ။
၄၇။ န ဟတ္ထနိုဒ္ဓုနက သိက္ခာပုဒ် - လက်ကိုခါ၍ ခါ၍ ဆွမ်းမစားရ။
၄၈။ န သိတ္ထာဝကာရက သိက္ခာပုဒ် - ဆွမ်းစားသည့်အခါ ဆွမ်းလုံးများ မဖိတ်ရ။
၄၉။ န ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် - ဆွမ်းစားသည့်အခါ လျှာမထုတ်ရ။
၅၀။ န စပုစပုကာရက သိက္ခာပုဒ် - ဆွမ်းစားသည့်အခါ စပ်စပ်မမည်ရ။

သုရု သုရုဝဂ် (၁၀) ပါး
၅၁။ န သုရုသုရုကာရက သိက္ခာပုဒ် - ဆွမ်းစားသည့်အခါ ဟင်းချိုသောက်ရာ၌ ရှူး ရှူး မမြည်ရ။
၅၂။ န ဟတ္ထနိလ္လေဟက သိက္ခာပုဒ် - ဆွမ်စားရာ၌ လက်ကိုလျှာဖြင့် လျက်၍ မစားရ။
၅၃။ န ပတ္တနိလ္လေဟက သိက္ခာပုဒ် - ဆွမ်းစားရာ၌ သပိတ်ကို ခြစ်၍မစားရ။
၅၄။ န ဩဌနိလ္လေဟက သိက္ခာပုဒ် - ဆွမ်းစားရာ၌ နှုတ်ခမ်းကို လျှာဖြင့်လျက်၍မစားရ။
၅၅။ န သာမိသေန ဟတ္ထေန သိက္ခာပုဒ် - ဆွမ်းပေရေလျက် မသန့်ရှင်းသောလက်ဖြင့် သောက်ရေခွက်ကို မကိုင်ရ။
၅၆။ န သသိတ္ထက သိက္ခာပုဒ် - ဆွမ်းသပိတ်ဆေးသော ရေကို ရွာအတွင်း၌ မသွန်ရ။
၅၇။ န ဆတ္တပါဏိဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ထီးဆောင်းထားသူကို တရားမဟောရ။
၅၈။ န ဒဏ္ဍပါဏိဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် တုတ်တောင်ဝှေးကိုင်ထားသူကို တရားမဟောရ။
၅၉။ န သတ္ထပါဏိဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ဓားလက်နက်ကိုင်ထားသူကို တရားမဟောရ။
၆၀။ န အာဝုဓပါဏိဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် လေးလက်နက်ကိုင်ထားသူကို တရားမဟောရ။

ပါဒုကဝဂ် (၁၅) ပါး
၆၁။ န ပါဒုကာရုဠှဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ခြေနင်းစီးထားသူကို တရားမဟောရ။
၆၂။ န ဥပါဟနာရုဠှဿ သိက္ခာပုဒ်- နာဖျားသူမဟုတ်ပဲလျက် ဖိနပ်စီးထားသူကို တရားမဟောရ။
၆၃။ န ယာနဂတဿ သိက္ခာပုဒ်- နာဖျားသူမဟုတ်ပဲလျက် ယာဉ်ရထားပေါ်၌ နေသူကို တရားမဟောရ။
၆၄။ န သယနဂတဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် အိပ်ရာနေရာ၌ နေသူကို တရားမဟောရ။
၆၅။ န ပလ္လတ္ထိကာယ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ဒူးနှစ်လုံးထောင် လက်ပိုက်ပတ်လျက် ရှိသူကို တရားမဟောရ။
၆၆။ န ဝေဌိတသီသဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ဦးခေါင်းကိုပိတ်ပတ်ပေါင်းထားသူအား တရားမဟောရ။
၆၇။ န ဩဂုဏ္ဍိတ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ။
၆၈။ န ဆမာယံ နိသီဒိတွာ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် အိပ်ရာ၌နေသောသူကို မြေကြီးပေါ်မှ ထိုင်၍ တရားမဟောရ။
၆၉။ န နီစေ အာသေန သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် မြင့်မြတ်သောနေရာ၌ နေသောသူကို ယုတ်နိမ့်သောနေရာမှ တရားမဟောရ။
၇၀။ န ဌိတော နိသိန္နဿ သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ထိုင်နေသူကို မတ်တတ်ရပ်လျက် တရားမဟောရ။
၇၁။ န ပစ္ဆတော ဂစ္ဆန္တော သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက် ရှေ့မှသွားသူကို နောက်မှလိုက်၍ တရားမဟောရ။
၇၂။ န ဥပ္ပထေန ဂစ္ဆန္တော သိက္ခာပုဒ် - နာဖျားသူမဟုတ်ပဲလျက်လမ်းပေါ်မှ သွားသူကို လမ်းဘေးမှလိုက်၍ တရားမဟောရ။
၇၃။ န ဌိတော အဂိလာနော သိက္ခာပုဒ်- မိမိမနာမဖျားပဲလျက် ကျင်ကြီးကင်ငယ်ကို မတ်တတ်ရပ်၍ မစွန့်ရ။
၇၄။ န ဟရိတေ အဂိလာနော သိက္ခာပုဒ် - မိမိ မနာမဖျားပဲလျက် စိမ်းသောမြက်သစ်ပင်ရှိရာ အရပ်၌ ကျင်ကြီး ကျင်ငယ်မစွန့်ရ၊ တံတွေးမထွေးရ။
၇၅။ န ဥဒကေ အဂိလာနော သိက္ခာပုဒ် - မိမိ မနာမဖျားပဲလျက် သုံးဆောင်ကောင်းသော ရေ၌ ကျင်ကြီး ကျင်ငယ်မစွန့်ရ၊ တံတွေးမထွေးရ။

ဆဗ္ဗဂ္ဂီရဟန်းများကိုအကြောင်းပြု၍ ပညတ်သော သေခိယသိက္ခာပုဒ်များဖြစ်သည်။