ပညတ်ကြီး (၄) ပါး

၁။ သမူဟဃနပညတ် - အိမ်၊ လှည်း၊ ရထား၊ အဝတ်ပုဆိုး စသည်ကဲ့သို့ အထုထင်ရှား အများပေါင်းစုံ လုံးထွေးရှိနေသည်ကို တစ်သားတည်း ထင်မြင်ခေါ်ဝေါ်ကြသော သဘော။
၂။ သန္တတိနပညတ် - ယမန်နေ့က သတ္တဝါသည် ယနေ့သတ္တဝါပင်ဖြစ်၏ စသည်ဖြင့် အသီးအသီး တစ်ခြားစီ၊ တစ်ဌာနစီ ရှေ့တရား နောက်တရားတွေကို တစ်သားတည်း တစ်ယောက်တည်းဟု ထင်မြင်ခေါ်ဝေါ်ကြသောသဘော။
၃။ သဏ္ဌာနပညတ် - အတို၊ အရှည်၊ အပြား၊ အလုံး၊ လေးထောင့်၊ သုံးထောင့် စသည် သဏ္ဌာန်ကို အနေပုံဟန်နှင့် ခေါ်ဝေါ်ကြသောသဘော။
၄။ သုဘပညတ် - ဥမ္မာဒန္တီ၊ ပပဝတီ စသည်ဖြင့် အလှအယဉ်အတင့်အတယ် ချောမွေ့ခြင်းတို့ကို ထင်မြင်ခေါ်ဝေါ်ကြသော သဘော။