ရှင် (၄) ပါး

၁။ ရှင်ဥပဂုတ်သည် - တောင်သမုဒ္ဒရာ၌ စံနေတော်မူ၏။
၂။ အရှင်သာရဒတ္တသည်- မြောက်သမုဒ္ဒရာ၌ စံနေတော်မူ၏။
၃။ အရှင်သက္ကောသာရသည်- အရှေ့သမုဒ္ဒရာ၌ စံနေတော်မူ၏။
၄။ အရှင်မေဓရသည် - အနောက်သမုဒ္ဒရာ၌ စံနေတော်မူ၏။

တစ်နည်း

၁။ ရှင်ဥပဂုတ်၊ တောင်သမုဒ္ဒရာ။
၂။ ရှင်မေရသ၊ အနောက်သမုဒ္ဒရာ။
၃။ ရှင်ခေမာဝတ္ထ မြောက်သမုဒ္ဒရာ။
၄။ ရှင်ဓမ္မသာရ အရှေ့သမုဒ္ဒရာ။

ရှင်ဥပဂုတ်၊ တန်ခိုးချုပ်၊ သမုဒ် တောင်မျက်နှာ။
ရှင်မေရသ၊ ပစ္ဆိမ၊ နေထ နောက်မျက်နှာ။
ခေမာဝတ္ထ၊ နေတုံထ၊ ဒေသ မြောက်မျက်နှာ။
ဓမ္မသာရ၊ ထေရ်မြတ်လှ၊ နေထ ရှေ့မျက်နှာ။
ရှင်လေးပါးလျှင်၊ ဤသည်ပင်၊ ဝမ်းတွင်စွဲမှတ်ပါ။