သံဃာကွဲပြားမှု (၁၀) ပါး

၁။ တရားမဟုတ်သည်ကို တရားဟုတ်သည်ဟု ပြကုန်၏။
၂။ တရားဟုတ်သည်ကို တရားမဟုတ်ဟုပြကုန်၏။
၃။ ဝိနည်းမဟုတ်သည်ကို ဝိနည်းဟုတ်၏ဟုပြကုန်၏။
၄။ ဝိနည်းဟုတ်သည်ကို ဝိနည်းမဟုတ်ဟုပြကုန်၏။
၅။ ဘုရားဟောအပ်သည်ကို ဘုရားဟော၏ဟု ပြကုန်၏။
၆။ ဘုရားဟောအပ်သည်ကို ဘုရားမဟောအပ်ဟု ပြကုန်၏။
၇။ ဘုရားမလေ့ကျက်အပ်သည်ကိုဘုရားလေ့ကျက်အပ်၏ဟု ပြကုန်၏။
၈။ ဘုရားလေ့ကျက်အပ်သည်ကို ဘုရားပညတ်၏ဟုပြကုန်၏။
၉။ ဘုရားမပညတ်သည်ကို ဘုရားပညတ်၏ဟုပြကုန်၏။
၁၀။ ဘုရားပညတ်သည်ကို ဘုရားမပညတ်ဟုပြကုန်၏။
(ဒသက အင်္ဂုတ္ထိုရ်၊ ၄-ဥပါလိဝဂ်၊ ၇-သံဃဘေဒသုတ်)