မြင်းမြတ်တို့၏ လက္ခဏာ (၈) ပါး

၁။ အမိအဘနှစ်ပါးစုံ အာဇာနည်ဝလာဟက စသောမြင်းကောင်းမြင်းမြတ်မျိုးမှန်သဖြင့် ဥဘသောသုဇာတဖြစ်ခြင်းတစ်ပါး။
၂။ သိန္ဓဝဇနပုဒ်ဟူသော မြင်းကောင်းမြင်းမြတ်၏ ဖြစ်ရာအရပ်၌ ဖြစ်သဖြင့် ဘူမသုဇာတဖြစ်ခြင်းတစ်ပါး။
၃။ အစာမရွေး ကျွေးသမျှကိုစားခြင်းသုဘရတာ ဖြစ်သည်တစ်ပါး။
၄။ မစင်ပုပ်ကိုစက်ဆုပ်ရွံ့ရှာတတ်သောသဘောရှိသည်တစ်ပါး။
၅။ မွေ့လျော်ပျော်ပါးစွာ သွားလာတက်သည်ဖြစ်၍ တစ်ပါးသောမြင်းတို့ကို မထိတ်လန့်စေတက်သည်တစ်ပါး။
၆။ မိမိအရှင်ဆုံးမရာ နာယူ၍ စဉ်းလဲ့ကောက်ကျစ်ခြင်းမရှိခြင်းတစ်ပါး။
၇။ အတွက်အကပ်မရှိဝန်ကို ဆောင်ယူ၍ ဖြောင့်စွာသွားခြင်း တစ်ပါး။
၈။ အသက်ဆုံးသည့်တိုင်အောင် ခွန်အားမလျော့ခြင်း တစ်ပါး။