နတ်သမီး (၈) ပါး

ဝေဒကျမ်းများ၌ လာသော နတ်သမီး (၈) ပါး
၁။ သူရဿတီ = ပိဋကတ်သုံးပုံနှင့် ဗေဒင်လေးပုံကို စောင့်ရှာက်သည်။
၂။နန္ဒာဒေဝီ = အကြင်လူတို့သည် အိပ်ခြင်း နေခြင်း သင့်မသင့်ကို ကြည့်ရှုမ စရ၏။
၃။ မနော်ဟရီ = ထီးဖြူရထား ထမ်းစင် သံလျှင်း အိမ် နန်း ပြာဿဒ် စသောလူတို့နေရာ အရပ်ရပ်ကို စောင့်ကြပ်ကြည့်ရှုရသည်။
၄။ ဖုသာက = စစ်ထွက်ခြင်း၊ ခရီးသွားခြင်း၊ လှေသင်္ဘော သွားခြင်းတို့ကို စောင့်ရှောက်ကြည့်ရှုရသည်။
၅။ ရမ္မာဒေဝ = အကြင်နတ်သမီး ကညာလုလင်တို့၏ မသင့်မတင့်သော ကြောင်းတို့ကိုဖျက်ဆို၍ ကောင်းအောင် စောင့်ရှောက်ကြည့်ရှုရ၏။
၆။ ကာလဒေဝီ = စပါးစသောသီးနှံဟူသမျှတို့ကို မပျက်စီးအောင် စောင့်ရှောက်ရသည်။
၇။ ဂန္ဓပ္ပိ = သတ္တရဘန်တောင်စဉ်ခုနစ်ထပ်ကို ကြည့်ရှုရ၏။
၈။ ပိနတ္တရီ = မင်္ဂလာဟူသမျှ ကြည့်ရှုစောင်မသည်။