ပံသုကူသင်္ကန်း (၁၀) မျိုး

၁။ သောသာနိကံ - သုသာန်၌ စွန့်ပစ်ထားသော အဝတ်ပုဆိုး၊
၂။ ဥန္ဒူရခါယိတံ - ကြွက်ကိုက်၍ စွန့်ပစ်ထားသော်လည်းကောင်း၊
၃။ ဥပစိကခါယိတံ - ခြစား၍ စွန့်ပစ်ထားသော်လည်းကောင်း၊
၄။ အဂ္ဂိဒဍ္ဎံ - မီးလောင်မီးပေါက်၍ စွန့်ပစ်သော်လည်းကောင်း၊
၅။ ဂေါခါယိတံ - နွားခဲစား၍ စွန့်ပစ်ထားသော်လည်းကောင်း၊
၆။ အဇိကာခါယိတံ - ဆိတ်ခဲစား၍ စွန့်ပစ်ထားသော်လည်းကောင်း၊
၇။ အဘိသေကိယံ - အဘိသိက်ပွဲ၌ စွန့်ပစ်ထားသော်လည်းကောင်း၊
၈။ ထူပစီဝရံ - စေတီပုထိုး၌ လှူထားသော်လည်းကောင်း၊
၉။ ပါပဏိကံ - အိမ်ဈေးအနီး၌ စွန့်ပစ်ထားသော်လည်းကောင်း၊
၁၀။ ဘတပဋိယာဘတံ - သုသာန်လိုက်ပို့သောသူတို့ ပြန်လာသောအခါ အမင်္ဂလာဟု စွန့်ပစ်လိုက်သော အဝတ်ပုဆိုး။