လောကီ လောကုတ္တရာအကျိုး ပွားတိုးစေမှု (၇) ပါး

၁။ သပ္ပာယကာရီ - ကိုယ်နှင့်လျောက်ပတ်စွာ ပြုမူနေထိုင်ခြင်း၊
၂။ မတ္တဇာနန - သင့်တင့်သောအစာကို အတိုင်းအရှည်သိ၍ စားသောက်ခြင်း၊
၃။ ပရိဏတဘောဇီ - ကြေကျက်ခဲသော အစာကိုပယ်၍ ကြေလွယ်သော အစာကိုစားခြင်း၊
၄။ ကာလစာရီ - အချိန်ကာလ၌သာ သွားလာလှည့်ပတ်ခြင်း၊
၅။ ဗြဟ္မစာရီ - မေထုန်မှုမပြုခြင်း၊
၆။ သီလဝန္တ - ဝါရိတ္တ စာရိတ္တ သီလမြဲခြင်း၊
၇။ ကလျာဏမိတ္တတာ - မိတ်ကောင်းဆွေကောင်း ရှိခြင်း။