ဘုရားဂုဏ်တော် (၉) ပါး

၁။ အရဟံ - လူနတ်တို့၏ ပူဇော်အထူးကို ခံထိုက်၏။
၂။ သမ္မာသမ္ဗုဒ္ဓေါ - ဉေယျဓံတရား ငါးပါးနှင့်တကွ ခပ်သိမ်းသောတရားအပေါင်းကို သိတော်မူ၏။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာဉာဏ်သုံးပါး ဝိဇ္ဇာဉာဏ်ရှစ်ပါး စရဏတရားတဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူ၏။
၄။သုဂတော - ခြောက်ခွန်းသောစကားတို့၌ မုသာဝါဒစသောမကောင်းသော လေးခွန်းကိုပယ်၍ ကောင်းသော နှစ်ခွန်းသာဆိုတော်မူ၏။
၅။ လောကဝိဒူ - သတ္တလောက သင်္ခါရလောက ဩကာသလောကတည်းဟူသော လောကသုံးပါးကို သိတော်မူ၏။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - မလိမ်မာ မယဉ်ကျေးသော သူများကိုလိမ်မာယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏။
၇။ သတ္တာဒေဝမနုဿာနံ - နတ်လူတို့၏ ဆရာဖြစ်တော်မူ၏။
၈။ ဗုဒ္ဓေါ - သစ္စာလေးပါးကိုကိုယ်တော်တိုင် သိတော်မူ၏။
၉။ ဘဂဝါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူ၏။