ရာဇဂုဏ် (၈) ပါး

၁။ သိကြားမင်းကဲ့သို့ကျင့်ခြင်း = သိကြားမင်းသည် နှိပ်တန်သည့် နတ်ကိုနှိပ်၍ ချီးမြှောက်တန်သည့် နတ်တို့ကို ချီမြှောက်သကဲ့သို့ ကျင့်ခြင်း။
၂။ နေကဲ့သို့ကျင့်ခြင်း = နေမင်းသည်ဖြည်းညင်းစွာမိုးရေကိုခန်းစေ သကဲ့သို့ မင်းတိုသည်လည်း အခွန်အတုတ်ကိုဖြည်းညင်းစွာတောင်းခံယူကုန်ရာသည်။
၃။ လကဲ့သို့ကျင့်ခြင်း = လပြည်ဝန်းသည် မြင်မြင်သသူတို့အား ဝမ်းမြောက်ခြင်းကို ဖြစ်စေသကဲ့သို့ မင်းတို့သည်လည်း ရွှင်လန်းသာယာစွာ ပြောဆိုသဖြင့် မှူးမတ်ပြည်သူရှင်လူအပေါင်းတို့အား ဝမ်းမြောက်ခြင်းကို ဖြစ်စေရာသည်။
၄။ လေကဲ့သို့ကျင့်ခြင်း = လေသည်သတ္တဝါ အပေါင်းတို့၏ ကိုယ်တွင်းသိုဝင်၍သွားသကဲ့သို့ ပြည့်ရှင်မင်းတို့သည်လည်း တိုင်းသားပြည်သူတို့၏ အမူအရာ ချမ်းသာဆင်းရဲကိုလည်းကောင်း၊ မိမိတို့၏ အကျိုးအပြစ်ကိုလည်းကောင်း ကိုယ်တိုင်လှည့်လည်၍ သို့မဟုတ် အမတ်သူလျှိုထား၍ သိအောင်ပြုကုန်ရာသည်။
၅။ ယမမင်းကဲ့သို့ ကျင့်ခြင်း = ယမမင်းသည် မုန်းသူ ချစ်သူဟူ၍မရှိ။ ရောက်လာသူအား ကံနှင့်လျှော်စွာ စီရင်သကဲ့သို့ မင်းတို့သည်လည်း ချစ်သူ မုန်းသူမရွေးပဲ အမှုနှင့်လျော်စွာစီရင်ရာသည်။
၆။ သမုဒ္ဒရာကဲ့သို့ ကျင့်ခြင်း = သမုဒ္ဒရာသည် ရေကို မတောင့်တသကဲ့သို့ ပြည်ရှင်မင်းတို့သည်လည်း ဥစ္စာကို မတောင့်တဘဲ ထုံးစံရှိရာ ရထိုက်သမျှကိုသာ ခံယူကုန်ရာသည်။
၇။ မြေကဲ့သို့ ကျင်ခြင်း = မြေကြီးသည် သတ္တဝါ အပေါင်းတို့၏ မှီခိုရာဖြစ်သကဲ့သို့ မင်းတို့သည်လည်း သင်္ဂဟတရားလေးပါးဖြင့် ပြည်သူအပေါင်းတို့၏ မှီခိုရာဖြစ်အောင် ကျင့်ခြင်း။
၈။ မိုးကဲ့သို ကျင့်ခြင်း = မိုးသည် သတ္တဝါအပေါင်းတို့အား မိုးရေဖြင့် ရောင့်ရဲစေဘိသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်းတို့အား မျိုးရိက္ခာ အဝတ်အစားတို့ဖြင့် ရောင့်ရဲစေရန် ကျင့်ဆောင်ရမည်။