၁။ အတိသယ - "ထူးကဲလွန်စွာ၊ ပြဆိုပါက၊ အတ္တာတိသယ၊ ဝင်္ကဝုတ္တိ၊ အမည်ရှိ၏။ ..."
အတ္တာတိသယ ဟူသည်မှာ အတ္တ+အတိသယပင် ဖြစ်၏။ လင်္ကာကာရန်အတွက် အတ္တသဒ္ဒါကို ထည့်သွင်းထားခြင်း ဖြစ်၏။ အတ္တမှာ အနက်အဓိပ္ပာယ် စာသားဖြစ်၏။ အနက်အဓိပ္ပာယ် ထူးခြားလွန်ကဲစွာ ဖွဲ့ဆိုသော အလင်္ကာပင်တည်း။
၂။ ဥပမာ - "တူဘိနှစ်ဖြာ၊ မထင်စွာကို၊ ထင်ရာနှင့်ထုတ်၊ အဟုတ်နှိုင်းကာ၊ ယှဉ်စပါသော်၊ ဥပမာဟူထ။ ..."
ဥပမာဟူသည်မှာ ဥပမာနှင့် ဥပမေယျတို့၏ တူညီခြင်းကို ပြဆိုသော အလင်္ကာဖြစ်၏။ ဤဖွင့်ဆိုချက်ထက် လင်္ကာဆောင်ပုဒ်က ပို၍ ထိမိ၏။
၃။ ရူပက - "ရုပ်တူပြက၊ ရူပကမည်။ ..."
ဥပမာနှင့် ဥပမေယျတို့၏ မကွဲပြားသည်ကို ပြဆိုသောကြောင့် ရူပကလင်္ကာမည်၏။
၄။ အာဝုတ္တိ - "လည်လည်ထပ်ထပ်၊ ဆိုအပ်တုံဘိ၊ အာဝုတ္တိတည့်။ ..."
ပုဒ်ကိုဖြစ်စေ၊ အနက်ကိုဖြစ်စေ၊ ပုဒ်အနက်နှစ်မျိုးလုံးကိုဖြစ်စေ အထပ်ထပ် အခါခါ ဆိုခြင်းသည် အာဝုတ္တိအလင်္ကာ မည်၏။
၅။ ဒီပက - "ဆီမီးပမာ၊ တစ်နေရာက၊ များစွာပြမူ၊ ဒီပကမှတ်။ ..."
ဝါကျတစ်ခု၌ တည်ရှိလျက် ဝါကျအများကို ကျေးဇူးပြုသော အလင်္ကာဖြစ်၏။ ဆီမီးသည် တစ်နေရာမှနေ၍ တစ်ခန်းလုံး အလင်းရောင်ပေးသကဲ့သို့တည်း။
၆။ အက္ခေပ - "ထူးမြတ်ခြင်းရာ၊ ဆိုလိုပါ၍၊ ကာလသုံးပါး၊ ပယ်သောအားဖြင့်၊ မြစ်တားပြုက၊ အက္ခေပရှင့် ..."
အက္ခေပဟူသည် မှာတားမြစ်ခြင်း ဖြစ်၏။ တားမြစ်သည်မှာ အထူးကို ဆိုလို၍ ဖြစ်၏။
၇။ အတ္တန္တရနျာသ - "ရှေးပြတုံငြား၊ ထိုစကားကို၊ တစ်ပါးအနက်၊ တူစွာဆက်၍၊ ဖော်ထွက်ပြဟန်၊ အတ္တန္တရနျာသဟူ ..."
အခြားတစ်ပါးသော ဝါကျအနက်ကို ပြီးမြောက်စေသော အလင်္ကာသည် အတ္တန္တရနျာသ မည်၏။
၈။ ဗျတိရေက - "အတူယှဉ်ကာ၊ ဆိုတုံပါလျက်၊ အထူးထွက်၍၊ ဆိုမြွက်ပြန်ဘိ၊ ဗျတိရိက်မျိုး။ ..."
ဗျတိရေကကို ရှေးဆရာကြီးတို့က ဗျတိရိက်ဟု မြန်မာမှု ပြုကြ၏။ ဥပမာနှင့် ဥပမေယျတို့၏ ထူးခြားချက်ကို ပြဆိုသော အလင်္ကာဖြစ်၏။
၉။ ဝိဘာဝနာ - "ဖြစ်ရိုးလူမှာ၊ ထင်စွာတုံရှောင်း၊ အကြောင်းကိုထား၊ ကြောင်းတစ်ပါးဖြင့်၊ ပြငြားအရာ၊ ဝိဘာဝန။ ..."
လောကမှာ လွန်စွာထင်ရှားသော အကြောင်းအရာကို မပြဆိုဘဲ မထင်ရှားသော အကြောင်းကို ပြဆိုပါက ဝိဘာဝနာအလင်္ကာ မည်၏။
၁၀။ ဟေတု - "ဇနက-ဉာပက၊ နှစ်ပါးပြသော်၊ မည်ရဟေတု။ ..."
ဟေတုကို ဟိတ်ဟု ခေါ်၏။ ယင်းသည်လည်း ဖြစ်စေတတ်သော ဇနကဟိတ်နှင့် သိစေတတ်သော ဉာပကဟိတ်ဟူ၍ နှစ်မျိုးရှိ၏။ ဤဟိတ်နှစ်မျိုးဖြင့် တန်ဆာဆင်သော စာပေကို ဟေတုအလင်္ကာဟု ခေါ်၏။
၁၁။ ကမ - "ခေါ်ပြုအစဉ်၊ မြဲယှဉ်ကမ။ ..."
ရှေ့နှင့်နောက် အစဉ် ညီညွတ်စွာ ဖွဲ့ဆိုသော စာပေကဗျာကို ကမအလင်္ကာဟု ခေါ်ဆို၏။ အစီအစဉ် ရှေ့နောက် ချွတ်ယွင်းလျှင် ဤအလင်္ကာ မဖြစ်ရုံသာမဟုတ်၊ အပြစ်ပင် ဖြစ်နိုင်သေးသည်။
၁၂။ ဝိယတရ - "ထိုမှတသွယ်၊ နှစ်သက်ဖွယ်ဖြင့်၊ အဓိပ္ပာယ်အနက်၊ ဆိုချက်သာလှ၊ ဝိယတရ၊ နာမမည်ထွေ။ ..."
ချစ်စဖွယ်ကို လွန်ကဲစွာ ဖွဲ့ဆိုပါက ဝိယတရအလင်္ကာ မည်၏။
၁၃။ သမာသဝုတ္တိ - "ဥပမေကို၊ မြှုပ်သွေထားချန်၊ ဥပမာန်မျှ၊ အကျဉ်းပြက၊ သမာသအလင်္ကာ။ ..."
ဥပမေယျကို မြှုပ်ထားပြီး ဥပမာနဖြင့် အကျဉ်းချုပ်ပြန်ဆိုသော အလင်္ကာသည် သမာသဝုတ္တိ မည်၏။ သမာသဟူသည် အကျဉ်းချုပ်ခြင်း ဖြစ်၏။
၁၄။ ပရိကပ္ပနာ - "ဖြစ်ရင်းစွာမှ၊ ခြင်းရာတပါး၊ တူရာအားဖြင့်၊ ရှာငြားကြံအပ်၊ ပရိကပ်ရှင့်။ ..."
ရှေးဆရာတို့သည် ပရိကပ္ပနာကို ပရိကပ်ဟု မြန်မာမှုပြုကာ ခေါ်ဝေါ်ကြ၏။ တစ်စုံတစ်ခု၏ ပကတိအပြုအမူကို တစ်ပါးသော အခြင်းအရာဖြင့် ကြံစည်သော အလင်္ကာဖြစ်၏။ ကြံစည်ခြင်းကို ပါဠိလို ပရိကပ္ပနာဟု ခေါ်၏။
၁၅။ သမာဟိတ - "တရပ်ထိုပြီ၊ လိုရှိအပ်စွာ၊ အားထုတ်ပါ၍၊ လိုရာပြီးမှု၊ ကြောင်းတစ်ခုကို၊ ရပြုတုံဘိ၊ သမာဟိတည့်။ ..."
တစ်စုံတစ်ခုသော အမှုကို ပြုလုပ်ရာတွင် အခြားတစ်ပါးသော အကြောင်းကြောင့် အကျိုးပြီးမြောက်ခြင်းသည် သမာဟိတအလင်္ကာ မည်၏။
၁၆။ ပရိယာယဝုတ္တိ - "ပရိယာယ၊ ဤဝင်္ကကား၊ ရှောင်တသွေပဲ၊ လှီးလွှဲဆိုဖွယ်၊ ဝိုက်ကာသွယ်သည်၊ ပြယာယ်ရိပ်ပြ၊ ယောင်ယိုးတည်း။ ..."
မိမိအလိုသော အနက်အဓိပ္ပာယ်ကို တိုက်ရိုက်မပြောမဆိုမူ၍ သွယ်ဝိုက်၍ ပြောဆိုခြင်းသည် ပရိယာယဝုတ္တိ အလင်္ကာ မည်၏။
၁၇။ ဗျာဇောပဝဏ္ဏနာ - "ထိုမှသသွယ်၊ ဆိုဖွယ်စောင်းရွဲ့၊ ကဲ့ရဲ့ယောင်ပြု၊ ချီးမွမ်းမှုကား၊ မှတ်ရှုသဘော၊ ဗျာဇောပဝဏ္ဏနာ။ ..."
ကဲ့ရဲ့ယောင်ပြု၍ ချီးမွမ်းမှုသည် ဗျာဇောပဝဏ္ဏနာ အလင်္ကာမည်၏။
၁၈။ ဝိသေသ - "ဂုဏ်တစ်ဖြာကို၊ ထူးဆိုလို၍၊ ထိုထိုဂုဏ၊ ကြိယနှင့်၊ ဒဗ္ဗဇာတိ၊ မရှိချို့ခြင်း၊ ဆိုလျှင်းတုံပြီး၊ မြှောက်ချီးပြုရာ၊ မှန်စွာဝိသေသ။ ..."
အထူးကို ပြဆိုရန် ဂုဏ်၊ ကြိယာ၊ ဒြပ်၊ ဇာတ်တို့၏ ချွတ်ယွင်းခြင်းကို ပြဆိုသော အလင်္ကာသည် ဝိသေသမည်၏။
၁၉။ ရုဠာဟင်္ကာရ - "ကြုံးပခြင်းရာ၊ ရဲရင့်စွာကား၊ ရုဠာဟင်္ကာရ။ ..."
ငါတကားဟု ကြုံးဝါးခြင်းကို ရုဠာဟင်္ကာရဟု ခေါ်သည်။ ဓားကြိမ်း၊ မြင်းကြိမ်း စသော ကိုယ်ရည်သွေးလင်္ကာမျိုးတည်း။
၂၀။ သိလေသ - "အတ္တနှစ်ပြင်၊ လိုရာထင်တိုင်း၊ ဆန့်ကျင်မရှိ၊ ရဘိနိုင်စွ၊ သိလေသတည့်။ ..."
တစ်ပုဒ်တည်းက မဆန့်ကျင်သည့် အနက် အဓိပ္ပာယ်နှစ်မျိုးရှိသော အလင်္ကာသည် သိလေသမည်၏။ အနက်အဓိပ္ပာယ် ဆန့်ကျင်ပါလျှင်ကား အပြစ်ပင် ဖြစ်ဦးမည်။
၂၁။ တုလျယောဂိတာ - "တကွတူပြီ၊ အညီယှဉ်ပြွမ်း၊ ချီးမွမ်းကဲ့ရဲ့၊ ဖွဲ့ဆိုပြုထ၊ တုလျယောဂိ။ ..."
ဂုဏ်တူသူ နှစ်ဦးတို့တွင် တစ်ဦး၏ ဂုဏ်အပြစ်ကိုဆိုသော အလင်္ကာသည် တုလျယောဂိတာ မည်၏။
၂၂။ နိဒဿန - "မိမိပြခြင်း၊ အနက်ရင်းနှင့်၊ ကျိုးချင်းတူစွာ၊ ပြရာနိဒသိ။ ..."
အကြောင်းတစ်ပါးဖြင့် အကျိုးနှစ်ပါး ပြီးမြောက်သော အလင်္ကာသည် နိဒဿန မည်၏။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသကဲ့သို့ပင်တည်း။
၂၃။ မဟန္တတ္တ - "ကြီးမြတ်တေဇ၊ တန်ခိုးစသား၊ ဆန္ဒဘောဂ၊ ထုတ်ဆိုပြက၊ မဟန္တသမိုက်။ ..."
စည်းစိမ်ချမ်းသာ သို့မဟုတ် အလိုဆန္ဒ၏ ကြီးကျယ်မြင့်မြတ်ခြင်းကို ပြဆိုသော အလင်္ကာဖြစ်၏။
၂၄။ ဝဉ္စနာ - "ချီးထိုက်သည်ကို၊ ဝှက်မဆိုပဲ၊ ထိုနှင့်တမူ၊ တူ မတူပြား၊ တပါးကိုသာ၊ ပြခြင်းရာကို ဝဉ္စနာခေါ်ဘိ။ ..."
ပြသင့်သော အရာကို မပြမဆို ဝှက်သို၍ ထိုနှင့် အလားတူအရာကို ပြဆိုသော အလင်္ကာ ဖြစ်၏။
၂၅။ အပ္ပကတတ္တုတိ - "မိမိကိစ္စ၊ ငြီးငွေ့စွကြောင့်၊ ယုတ်မျှကိုလျက်၊ နှစ်သက်တုံလျှင်း၊ ချီးမွမ်းခြင်းကား၊ မည်ရင်းနာမ၊ အပ္ပကတတ္တုတိ။ ..."
ဤလောက၌ သူတစ်ပါး၏ အလိုသို့ လိုက်ရခြင်း စသည်တို့ကြောင့် ငြီးငွေ့သောသူသည် မပြုမလုပ်နိုင်သော အရာ၌ ချီးမွမ်းခြင်းပင်တည်း။
၂၆။ ဧကာဝဋ္ဌီ - "ထိုပြီတသွေ၊ နောက်ပုဒ်အနေဖြင့်၊ ဝိသေသန၊ ဆင့်ဆင့်ပြသော်၊ ခေါ်ထမှန်စွာ၊ ဧကာဝဋ္ဌီ။ ..."
နောက်နောက်ပုဒ်သည် ရှေးရှေးပုဒ်၏ ဝိသေသနဖြစ်သော အလင်္ကာကို ဧကာဝဋ္ဌီဟု ခေါ်၏။
၂၇။ အညမည - "တူညီမယွင်း၊ ချင်းချင်းနှစ်ခု၊ ကျေးဇူးပြုကြ၊ အညမညတ်၊ မည်မှတ်သညာ။ ..."
အချင်းချင်း အပြန်အလှန် ကျေးဇူးပြုသော အလင်္ကာသည် အညမည မည်၏။
၂၈။ သဟဝုတ္တိ - "ကြိယာဂုဏ၊ တူမောစွကြောင့်၊ တကွဖြစ်ချက်၊ ဆိုမြွက်ဖော်ပြ၊ သဟဝုတ္တိ၊ သိလော့တကွဲ။ ..."
အတူတကွဖြစ်သော ကြိယာ သို့မဟုတ် ဂုဏ်ကို ပြဆိုသော အလင်္ကာ။
၂၉။ ဝိရောဓိတာ - "လွန်ကဲသည်ကို၊ ပြလိုသဖြင့်၊ မသင်အနက်၊ ဆန့်ကျင်ဘက်ကို၊ ရောယှက်နှီးနှော၊ ပြသဘောကား၊ ဝိရောဓိတာ။ ..."
လွန်ကဲထူးမြတ်သည်ကို ပြလိုသောကြောင့် ဆန့်ကျင်ဘက်ဖြစ်သော ကြိယာကို ရောနှောလျက် ပြဆိုသော အလင်္ကာ။
၃၀။ ပရိဝုတ္တိ - "ဦးစွာပေးပြု၊ ယူမှုလွန်မင်း၊ ကျိုးဖြစ်ခြင်းကို၊ ဆိုလျှင်းအဟုတ်၊ ပရိဝုတ်ရှင့်။ ..."
တစ်စုံတစ်ခုကို ရှေးဦးစွာပေး၍ ထူးခြားသည့် တစ်ခုခုကို ယူသော အလင်္ကာ။
၃၁။ ဘမ - "မယုတ်တူလှ၊ ထင်မှားစွမှု၊ ဘမဟူလော့။ ..."
တစ်စုံတစ်ခုကို မြင်၍ ထိုနှင့်တူသော အခြားတစ်ခုခုကို ထင်ယောင်ထင်မှား ဖြစ်အောင် ဖွဲ့ဆိုခြင်းသည် ဘမအလင်္ကာ မည်၏။
၃၂။ ဘာဝ - "သူ၏အပြစ်၊ မြစ်၍ဆိုထ၊ အလိုပြက၊ ဘာဝမှတ်ရာ။ ..."
သမုဒ္ဒရာ၊ တော၊ တောင် စသည်တို့၏ သဘာဝ ဓမ္မကို တားမြစ်၍ ပညာရှိသူတော်ကောင်းတို့၏ သဘောကို ပြဆိုသော စာပေသည် ဘာဝအလင်္ကာ မည်၏။
၃၃။ မိဿက - "အလင်္ကာများ၊ ရောငြားမိဿက။ ..."
အလင်္ကာ အများအပြား ရောနှောပါဝင်သော စာပေသည် မိဿကအလင်္ကာ မည်၏။ ပြဆိုခဲ့ပြီးသော အလင်္ကာ အတန်များစွာ ပါဝင်သော စာပေကဗျာတို့ပင်တည်း။ အလင်္ကာကျမ်း၌ မိဿအလင်္ကာဟု ဆို၏။
၃၄။ အာသီ - "တောင့်တတုံလတ်၊ အာသီမှတ်ပြီး။ ..."
အလိုရှိအပ်သော အရာကို တောင့်တသော အလင်္ကာသည် အာသီအလင်္ကာ မည်၏။
၃၅။ ရသီ - "ထူးမြတ်လက္ခဏာ၊ လွန်သာယာအောင်၊ သိင်္ဂါရသ၊ ပါထအညီ၊ ရသီလင်္ကာရ၊ မည်ခေါ်ကြ၏။ ..."
ရသကိုးပါးတို့တွင် တစ်ပါးပါးသော ရသနှင့် ပြည့်စုံသော အလင်္ကာသည် ရသီအလင်္ကာ မည်၏။
ဆောင်ပုဒ်ကို မန်လည်ဆရာတော်ကြီး၏ မဃဒေဝလင်္ကာ မှ လည်းကောင်း၊ ရှင်းလင်းချက်ကို ဦးသော်ဇင်၏ သုတဉ္ဇလီ မှလည်းကောင်း ထုတ်နုတ်ဖော်ပြပါသည်။