ပုဏ္ဏား (၅) မျိုး

၁။ ဗြဟ္မသမ ဗြာဟ္မဏ - ငယ်စဉ်က ပညာလုံးစုံသင်ပြီးလျှင် တရားသဖြင့် ဥစ္စာရှာ၍ ဆရာအား ပူဇော်ခဲ့ပြီးမှ အိမ်ရာမထောင်ဘဲ တစ်ကိုယ်တည်း တောထွက်လျက် စျာန်တရား ရပြီးကာနောက်ဘဝ၌ ဗြဟ္မာဖြစ်လေ့ရှိသာ ပုဏ္ဏားမျိုး။
၂။ ဒေဝသမဗြာဟ္မဏ - အထက်ပါအတိုင်း ဗေဒင်သင်ပြီးလျှင် အမျိုးအနွယ်ပြတ်မည်စိုး၍ ဇာတ်တူ ပုဏ္ဏေးမနှင့် သားဦးတစ်ယောက် ရအောင်အိမ်ရာထောင်ပြီ:မှတောထွတ်၍ နောက်ဘဝ၌ ဗြဟ္မာဖြစ်သောပုဏ္ဏားမျိုး။
၃။ မရိယာဒဗြဟ္မဏ - ဇာတိနွယ် အစစ်သောမိန်းမနှင့် အိမ်တွင်သာ ပညာသင်၍ နေလေ့ရှိသောပုဏ္ဏားမျိုး။
၄။ သမ္ဘိန္နမရိယာဒ - မိန်းမ မရွေးဘဲ ယုတ်ညံသောဇာတ်နှင့်တရားသဖြင့်စီးပွားရှာကာ အိမ်တွင်နေသော ပုဏ္ဏားမျိုး။
၅။ ဗြဟ္မဏစဏ္ဍလ - မိန်းမမရွေးဘဲ ယုတ်ညံသောဇာတ်နှင့် မတရားစီးပွားရှာကာ စင်ကြယ်ခြင်းမရှိသည့် အိမ်တွင်နေသောပုဏ္ဏားမျိုး။