ပလ္လင်လှူရသောအကျိုး (၁၅) ပါး

၁။ ရတနာတို့ဖြင့် ပြီးသော အခင်းအိပ်ရာတို့ကို ရခြင်း၊
၂။ ရတနာပြာသာဒ်တို့ကို ရခြင်း၊
၃။ အဖိုးထိုက်သော အခင်းကို ရခြင်း၊
၄။ ဆင်ယာဉ်ကို ရခြင်း၊
၅။ မြင်းယာဉ်ကို ရခြင်း၊
၆။ ရတနာထမ်းစင်ကို ရခြင်း၊
၇။ ကျွန်မိန်းမကို ရခြင်း၊
၈။ ကျွန်ယောက်ျားကို ရခြင်း၊
၉။ ရတနာသံလျင်းကို ရခြင်း၊
၁၀။ တန်ဆာဆင်ပြီးသော မိန်းမတို့ကို ရခြင်း၊
၁၁။ မြတ်သော အမျိုး၌ ဖြစ်ခြင်း၊
၁၂။ များသောစည်းစိမ် ရှိခြင်း၊
၁၃။ ထူးမြတ်သော စည်းစိမ်ရှိခြင်း၊
၁၄။ ဝန်တိုခြင်းမှ ကင်းခြင်း၊
၁၅။ အလိုရှိရာ အရပ်၌ ပလ္လင်ကို ရခြင်း၊