ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဆရာ (၅) ပါး

၁။ ဘုရားလောင်းဖွားတော်မူစက လက္ခဏ ဖတ်သော ပုဏ္ဏားရှစ်ယောက်ကား ချမ်းသာကြောင်းကို ကြားကုန်၍ အစောင့်အရှောက် ပြုကုန်၏။
၂။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက သဒ္ဒါကျမ်း၊ ဗျာကရိုဏ်းကျမ်း၊ ဆဠင်္ဂကျမ်းတို့ကို သင်စေရန်အပ်သော သဗ္ဗမိတ္တပုဏ္ဏား။
၃။ ဘုရားအလောင်းကို ထိတ်လန့်သံဝေဂရစေသော နတ်သား။
၄။ အာကဉ္ဇညာယတနဈာန်၏ ပရိကံကို ကြားစေသော အာဠာရရသေ့။
၅။ နေဝသညာ နာသညာယတန ဈာန်၏ ပရိကံကို ကြားစေသော ဥဒကရသေ့။