မင်းတို့၏ ဗလ (၅) တန်

၁။ ဘောဂဗလ - ရတနာရွှေငွေ ဆန်ရေစပါးနှင့် ပြည့်စုံခြင်း ဟူသောအား။
၂။ ဗာဟုဗလ - လက်ရုံး အားနှင့် ပြည့်စုံခြင်း။
၃။ အမစ္စဗလ - ရဲရင့်တည်ကြည်သော မှူးမတ်အပေါင်းနှင့် ပြည့်စုံသောအား။
၄။ အဘိဇစ္စဗလ - ဘေးဘိုးတို့မှ မပျက်သော မင်းမျိုးမင်းနွယ်ဖြစ်ခြင်း။
၅။ ပညာဗလ - အမှုအရေး ကြီးငယ်တို့၌ ဝေဖန်ခွဲခြားနိုင်ခြင်းတည်းဟူသော အား။

တစ်နည်း

၁။ အာဏာဗလ - ဩဇာအာဏာကြီးခြင်း။
၂။ ဘောဂဗလ - စည်းစိမ်အင်အား များခြင်း။
၃။ ဣဿရိယ - (တိုင်းနိုင်ငံတို့ကို) အစိုးရခြင်း။
၄။ ကာယဗလ - လက်ရုံး ကိုယ်အားကြီးခြင်း။
၅။ ဉာဏဗလ - ဉာဏ်ပညာအားကြီးခြင်း။