ဝီရိယာရမ္ဘဟူသော အားထုတ်ခြင်း လုံ့လ (၈) ပါး

၁။ ခရီးသွားအပ်သော ကိစ္စရှိလျက် ထိုကိစ္စကိုဖျောက်၍ လုံ့လပြုခြင်း။
၂။ ခရီးရောက်သည်ဖြစ်၍ ပင်ပန်းလျက်အညောင်းအညာပြေအောင် မနေမူ၍ အားထုတ်ခြင်း။
၃။ ပြုအပ်သော အမှုကိစ္စရှိသော် ထိုကိစ္စကိုထား၍ လုံလပြုခြင်း။
၄။ အမှုကိစ္စ ပြီးဆဲဆဲလျက် အပန်းပြေအောင် မနေလုံ့လပြုခြင်း။
၅။ တစ်စိုးတစ်စိ မအီမသာရှိလျက် ဖျောက်၍ လုံ့လပြုခြင်း။
၆။ မကျန်းမမာ ရှိသောအခါ၌ ပကတိကျန်းမာအောင် မငံ့ဘဲလုံ့လပြုခြင်း။
၇။ အစားအသောက်နည်းသဖြင့် ကိုယ်လက်ပေါ့ပါးသည်ကို အကြောင်းပြု၍ လုံ့ပြုခြင်း။
၈။ အစားအသောက်များ၍ ကိုယ်လက်မခံ့မကျန်းမာသည်ကို အကြောင်းပြု၍ လုံ့လပြုခြင်း။