ဝါပြတ်သော်လည်း ရဟန်း၌ အာပတ်မသင့်ခြင်း (၂၀) ပါး

၁။ သားရဲတို့ နှိပ်စက်ကုန်သောအခါ။
၂။ မွေတို့ နှိပ်စက်ကုန်သောအခါ။
၃။ ခိုးသူတို့ နှိပ်စက်ကုန်သောအခါ။
၄။ ဘီလူးတို့ နှိပ်စက်ကုန်သောအခါ။
၅။ ရွာမီးလောင်သောအခါ။
၆။ ကျောင်းမီးလောင်သောအခါ။
၇။ ရွာသည် ရေမျောသောအခါ။
၈။ ကျောင်းသည် ရေမျောသောအခါ။
၉။ ခိုးသူကြောင့် ဆွမ်းခံရွာ ပြောင်းရွှေ့သွားသောအခါ။
၁၀။ ရွာသားများ နှစ်ခြမ်းကွဲသောအခါ။
၁၁။ ရွာသားများ သဒ္ဓါတရားနည်း၍ မကြည်ညိုသောအခါ။
၁၂။ ဆွမ်း မလုံလောက်သောအခါ။
၁၃။ လျောက်ပတ်သော ဘောဇဉ်တို့ကို မရသောအခါ။
၁၄။ လျောက်ပတ်သော ဆေးတို့ကို မရသောအခါ။
၁၅။ သင့်တင့်လျောက်ပတ်သော အလုပ်အကျွေးကို မရသောအခါ။
၁၆။ မအပ်သော (၁၀) ပါးသော အလှူကို လှူသောအခါ။
၁၇။ ဝါကပ်ရာ၌ အရှင်မရှိသော ရွှေအိုးကိုမြင်၍ အကျင့်ပျက်မည်စိုးသောအခါ။
၁၈။ အတူနေသံဃာများ သင်းကွဲသောအခါ။
၁၉။ အတူနေသံဃာများ သင်းကွဲစေရန် လုံ့လပြုသောအခါ။
၂၀။ အတူနေ သံဃာများ သင်းကွဲမည်ကို သိ၍ ဆုံးမသော ငါသည် ဤအရပ်၌ ငါမရှိက သင့်မြတ်မည်ဟု နှလုံးပိုက်သောအခါ။
(ဝိနည်းတော်)