နာမ် ရုပ် ခန္ဓာ ၌ သံဝေဂယူရန် (၅) ပါး

၁။ မသေခင်လှ ၊ သေလျှင်ပွ၊ ဆိုးစွ နာမ်ရုပ်ပါတကား။
၂။ မသေခင်ကောင်း၊ သေလျှင်ဖောင်း၊ မကောင်း နာမ်ရုပ်ပါတကား။
၃။ မသေခင်ဟန်၊ သေလျှင်နံ ၊ ဖောက်ပြန် နာမ်ရုပ်ပါတကား။
၄။ မသေခင်ဟုတ်၊ သေလျှင်ပုပ် ၊ စက်ဆုပ် နာမ်ရုပ်ပါတကား။
၅။ မသေခင်ချစ်၊ သေလျှင်ပစ်၊ ဆိုးညစ် နာမ်ရုပ်ပါတကား။