မဉ္ဇူသကပန်းပင်၏ဂုဏ် (၁၀) ပါး

၁။ ဂန္ဓမာဒနတောင် ပတ္တမြားဂူ၌သာ ပေါက်ရောက်ခြင်း။
၂။ အမြင်ယူဇနာတစ်ရာ၊ အချင်းယူဇနာတစ်ရာရှိခြင်း။
၃။ အရှင်ပစ္စေကဗုဒ္ဓါတို့ ကြွလာလျှင် ခပ်သိမ်းသော ရတနာတို့နှင့်ပြည်စုံသော မဏ္ဍပ်ကြီးကဲ့သို့ တင့်တယ်စွာ တည်းခိုဖွယ်ဖြစ်စေခြင်း။
၄။ မဉ္ဇူသက ပန်းမှိုက်ကို လေဖြင့်တံမျက်လှည်း၍ သန့်စင်စေခြင်း။
၅။ သဲမြေဖြင့် ညီညွတ်အောင် လေဖြင့်တလင်းညှိ၍ တင့်တယ်စေခြင်း။
၆။ ခပ်သိမ်းသော အနံ့တို့ကို လေဖြင့်ပျံ့လွင့်၍တည်ခြင်း။
၇။ လေတို့သည် ပန်းကို ဆွတ်၍ ပန်းမွေ့ရာခင်းခြင်း။
၈။ ရေကို နောတတ်အိုင်မှ လေဆောင်ယူ၍ သွန်းလောင်းရှင်သန်စေခြင်း။
၉။ ပစ္စေကဗုဒ္ဓါတို့ စည်းဝေးခြင်း၊ သမာပတ်ဝင်စားခြင်း၊ ပစ္စေကဗုဒ္ဓါတို့ ပွင့်တော်မူရာဖြစ်ခြင်း။
၁၀။ ရေ ကြည်း တောတောင်တို့တွင် ပွင့်ကုန်သော ပန်းတကာတို့ထက် မွှေးကြိုင်လှခြင်း။