ပဒ ဒေါသ (၈) ပါး

၁။ ဝိရုဒ္ဓတ္ထန္တရ ဒေါသ = မလိုအပ်သောအနက်ထူးဖြင့် ဆန့်ကျင်၍ ဆိုခြင်း။
၂။ အဓျတ္ထ ဒေါသ = မတန်မရာဂုဏ်ကြီးနှင့် ချီးမွမ်း၍ ဝိသေသနလွန်ခြင်း။
၃။ ကိလိဋ္ဌ ဒေါသ = သဒ္ဒါရေးအားဖြင့် အနက်ကိုအသိခက်အောင်ဆိုခြင်း။
၄။ ဝိရောဓိဒေါသ = ဒေသ၊ ကာလ၊ တီးမှုတ်မှုစသည်တို့၌ ဆန့်ကျင်ခြင်း။
၅။ နေယျ ဒေါသ = ပုဒ်တစ်ပါးကိုဆောင်မှ အနက်အဓိပ္ပာယ်ကိုသိခြင်း။
၆။ ဝိသေသနာပေက္ခ ဒေါသ = ဝိသေသနတစ်ပါးကိုငဲ့ခြင်း။
၇။ ဟီနတ္ထ ဒေါသ = ဂုဏ်ငယ်၍ ဂုဏေးကြီးသောကြောင့် ယုတ်သောအနက်ရှိခြင်း။
၈။ အနတ္ထ ဒေါသ = အနက်အဓိပ္ပါယ် မရှိဘဲ ပုဒ်ပြည့်ရုံမျှဆိုခြင်း။