နာယက မမည်သူ (၆) ယောက် (အနာယကဂုဏ်)

၁။ ဂဏာန်း - လူတွေ့လျှင် လက်မထောင်တတ်သည့် လူမျိုး။
၂။ ပုတ်သင် - မည်သူကပြောပြော ခေါင်းညိတ်တတ်သည့် လူမျိုး။
၃။ ကိုင်းပင် - အားများရာ ယိမ်းသည့် လူမျိုး။(လူ့ဆိတ်လစ်)
၄။ နွားသိုး - နွားသိုးကြိုးပြတ်၊ နွားရူးဆူးတိုးသကဲ့သို့ အများက မြှောက်စားသဖြင့် စော်ကားတတ်သော လူမျိုး။
၅။ လိပ်မျိုး - မိမိဗိုက်အောက်သို့သာ ယက်သွင်းလေ့ရှိသော လူမျိုး။
၆။ ခွေးအ - ခွေးအသည် မိမိအမျိုး၏ အသားကိုပင် ပြန်၍စားသောအမျိုး။

မှတ်ချက်။ ။ ခွေးအ နေရာ၌'' ဖွတ်မိချောင်း'' ဟူ၍ မူကွဲရှိ၏။ ဖွတ်သည် အကောင်ကြီးလာပါက မိချောင်းဖြစ်တတ်၏။ လျှာပါသော သတ္တဝါဖြစ်၍ လျှာမပါသော မိချောင်းအစစ်ထက် ကြောက်စရာကောင်း၏။ ထို့ကြောင့် "ဖွတ်မိချောင်းဖြစ်က မြစ်မချမ်းသာ "ဟူ၍ စကားဆိုရှိ၏။

လင်္ကာ။ ။ ဂဏာန်း၊ ပုတ်သင်၊ ကိုင်းပင်၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ ၊ အနာယက။