ပုဂ္ဂိုလ် (၄) မျိုး

၁။ ပိဋကသာတတ်လျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်။
၂။ ပိဋကမတတ်ဘဲနှင့် အမှန်တရားကို သိသော ပုဂ္ဂိုလ်။
၃။ ပိဋကလည်းတတ် အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်။
၄။ ပိဋကလည်းမတတ် အမှန်တရားလည်း မသိသော ပုဂ္ဂိုလ်။
(ပုဂ္ဂလပညတ် နှင့် စတုက္က အင်္ဂုတ္တိုရ်)

တနည်း

၁။ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်။
၂။ ကြည်ညိုဖွယ်မရှိဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်။
၃။ ကြည်ညိုဖွယ်လည်း မရှိ အမှန်တရားလည်း မသိသော ပုဂ္ဂိုလ်။
၄။ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်။
(ပုဂ္ဂလပညတ် နှင့် စတုက္က အင်္ဂုတ္တိုရ်)