သမ္မာသင်္ကပ္ပ (၃) ပါး

၁။ နေက္ခမသင်္ကပ္ပ - အိမ်ထောင်မှုမှ ခွာ၍ သာသနာသို့ ဝင်ရန် ကြံစည်ခြင်း။ ဈာန်တရားရအောင် ကြံစည်ခြင်း။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် ကြံစည်ခြင်း၊ ဝိပဿနာကို အားထုတ်ရန် ကြံစည်ခြင်း၊ အကုသိုလ်တရားတို့ကို ပယ်၍ ကုသိုလ်တို့၌ ကြံစည်ခြင်း။
၂။ အဗျာပါဒသင်္ကပ္ပ - သတ္တဝါအပေါင်းတို့၏ မကောင်းဖြစ်ရန်ကို စိတ်မထားမူ၍ မေတ္တာ စေတနာ ဖြူစင်စွာဖြင့် ချမ်းသာကြောင်းကိုသာ ကောင်းစွာကြံခြင်း။
၃။ အဝိဟိံသသင်္ကပ္ပ - လက်နက်တို့ဖြင့် သူတပါးအား ညှဉ်းဆဲနှိပ်စက်ရန် ဆံလွှာမြူခြမ်းမျှ မကြံစည်မူ၍ သတ္တဝါတို့အား ဆင်းရဲဒုက္ခမှ လွတ်ရန် ကြံစည်ခြင်း။