ဘွဲ့ထူးဂုဏ်ရည် (၁၁) မျိုး

၁။ အမြင့်ဆုံးသတိုးဘွဲ့ - သတိုးသုဓမ္မ မဟာသက်တော်ရှည် စသည်၊
၂။ ၎င်းအောက် မင်းကြီးဘွဲ့ - မင်းကြီးဇေယျဂါမဏီ စသည်၊
၃။ ၎င်းအောက် မဟာဘွဲ့ - မဟာမင်းထင်ရာဇကျော် စသည်၊
၄။ ၎င်းအောက် မင်းသုံးထပ်ဘွဲ့ - မင်းမဟာ၊ မင်းထင်၊ မင်းခေါင် စသည်၊
၅။ ၎င်းအောက် မင်းနှစ်ထပ်ဘွဲ့ - မင်းထင်၊ မင်းလှသင်္ခယာ စသည်၊
၆။ ၎င်းအောက် မင်းတပ်ဘွဲ့ - မင်းထင် ကျော်သူ စသည်၊
၇။ ၎င်းအောက် နေမျိုးမင်းတပ်ဘွဲ့ - နေမျိုးမင်းထင်၊ သိင်္ခသူ စသည်၊
၈။ ၎င်းအောက် နေမျိုးဘွဲ့ - နေမျိုးသိဒ္ဓိရာဇာ စသည်၊
၉။ ၎င်းအောက် နော်ရထာဘွဲ့ - စည်သူနော်ရထာ၊ လက်ဝဲနော်ရထာ စသည်၊
၁၀။ ၎င်းအောက် ရွှေတောင်ဘွဲ့ - နရာရွှေတောင် စသည်၊
၁၁။ အနိမ့်ဆုံး အမည်ပျောက်ဘွဲ့ - ပျံချီရာဇာ၊ ရဲထွဋ်ပျံတင်၊ ရန်အောင်စက်၊ စက္ကပျံချီ၊ လက်ဝဲသုန္ဒရ စသည်။