ဝိပဿနာဉာဏ် (၁၀) ပါး

၁။ သမ္မသနဉာဏ် - ခန္ဓာငါးပါးအား လက္ခဏာ သုံးပါးဖြင့် သုံးသပ်၍ရှုသောဉာဏ်။
၂။ ဥဒယဗ္ဗယဉာဏ် - ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကိုအဖန်တလဲလဲရှုသောဉာဏ်။
၃။ ဘင်္ဂဉာဏ် - ခန္ဓငါးပါးတို့၏ ပျက်ခြင်းကိုသာ အဖန်တလဲလဲ ရှုသောဉာဏ်။
၄။ ဘယဉာဏ် - ခန္ဓာငါးပါးကို ကြောက်မက်ဖွယ်ဘေးကြီးဟု အဖန်တလဲလဲ ရှုသောဉာဏ်။
၅။ အာဒီနဝဉာဏ် - ခန္ဓာငါးပါးတို့အား အပြစ်အားဖြင့် ရှုသောဉာဏ်။
၆။ နိဗ္ဗဒါဉာဏ် - ခန္ဓငါးပါးတို့၌ ငြီးငွေ့သောအစွမ်းအားဖြင့် ရှုသောဉာဏ်။
၇။ မုစ္စိတုကမျတာဉာဏ် - ခန္ဓာငါးပါးတို့မှ လွတ်မြောက်ခြင်းငှါ ရှုသောဉာဏ်။
၈။ ပဋိသင်္ခါဉာဏ် - ခန္ဓာငါးပါးတို့အား သိမ်းဆည်းခြင်းအစွမ်းဖြင့် ရှုသောဉာဏ်။
၉။ သင်္ခါရုပေက္ခာဉာဏ် - ခန္ဓာငါးပါးတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းနှင့် လျစ်လျူရှုသောဉာဏ်။
၁၀။ အနုလောမဉာဏ် - လက္ခဏာသုံးပါးကို ရှုသည်၏အဖြစ်ဖြင့် မဂ်အားလျော်စွာရသောဉာဏ်။