မိဘဂုဏ် (၁၂) ပါး

၁။ အာပါဒကဂုဏ် - ခွင်းပဘေးဒဏ် ရန်မာန်ကင်းပျောက် သားသမီးတို့၏ ပွားစီးခြင်းသို့ရောက်အောင် စောင့်ရှောင့်တတ်သော၊
၂။ ပေါသကဂုဏ် - နှလုံးသွေးစစ် နို့ချိုနှစ်ကို သောက်စို့စေလျက် ယုယပိုက်ထွေး မွေးကျွေးတတ်သော၊
၃။ ဒဿေတာရဂုဏ် - ရှုဖွယ်လုံးစုံ အာရုံဟူသမျှကို ပြပေတတ်သော၊
၄။ ဗြဟ္မာဂုဏ် - သန္ဓေတည်စ ထိုကာလမှ စ၍မှန်စွာ ဗြဟ္မာအလား သားသမီးတို့၌ ပွားစီးဗြဟ္မစိုရ် ကြည်ညိုပိုက်ကျုံး နှလုံးမူတတ်၍၊
၅။ ပုဗ္ဗဒေဝတာ - အကျိုးများအောင် တိုးပွားစောင့်ကြပ် မစတတ်သော အိမ်ဦးနတ်နှင့်တူသော၊
၆။ ပုဗ္ဗာစရိယဂုဏ် - ဆရာတို့ထံ မအပ်နှံသေး ငယ်ရွယ်သွေးက ရှေးဦးရှေးဖျား သင်ကြားပြုပြင် သွန်သင်ပြသ ဆုံးမတတ်သော၊
၇။ အာဟုနေယျဂုဏ် - ခရီးဝေးစွာ ဆောင်ယူလာပြီး သားသမီးတို့၏ ပစ္စည်းအလှူကို ခံယူ သိမ်းပိုက်တ်သော၊
၈။ သုဟဒဂုဏ် - သားကိုရရန် တောင်းဆုပန်၍ သည်းရန်မျက်ဖြေ သားသက်ဝေ၌ အရေထူပါး အကြောများနှင့် ရိုးသားထွင်းဖောက် ခြင်ဆီရောက်ထိ ချစ်ခြင်းရှိတတ်သော၊
၉။ ဇနေတ္တိဂုဏ် - ကိုးလဆယ်လ စသည့်တစ်မူ ကြည်ဖြူနှစ်သက် ဆောင်ရွက်မကွာ ကြင်နာသနား သတို့သားကို ဖွားမြင်ပေတတ်သော၊
၁၀။ တောသယန္တိဂုဏ် - ကိုယ်စိတ်မချမ်း ငိုမြည်တမ်းက ရွှင်လန်းစိမ့်ရေး နို့ချိုကျွေးလျက် တေးသီချင်းတို့ဖြင့် သာညင်းကျူးငြိမ့်် နှစ်သိမ့်စေတတ်သော၊
၁၁။ ပေါသေန္တဂုဏ် - လေပူနေပူ ညှဉ်းပန်းဟူက ကြည်ဖြူလန်းဆန်း မြတ်နိုးရတနာ သားသည်းချာကို ကောင်းစွာစောင်မ ယုယလေးမြတ် မွေးပေတတ်သော၊
၁၂။ ဂေါပယန္တိဂုဏ် - မိမျိုးဖလာ ရတနာရွှေငွေ လယ်ယာမြေကို အမွေခံနှစ် စံရစ်စရာ ဖြစ်စိမ့်ငှာဟု ကောင်းစွာသိုမှီး သိမ်းဆည်းစောင့်ရှောက်တတ်သော။