ဝစီပရမ ခင်ပွန်းတု (၄) ယောက်

၁။ ယမန်နေ့က ပေးမည်ဟု မျှော်နေပါသည်။ ယနေ့ကား ကုန်ခဲ့ပြီဟု အတိတ်လောကွတ် ပြောတတ်သူ။
၂။ ယခု မရှိနောက်မှ ရစိမ့်မည်ဟု အနာဂတ်လောကွတ်ပြောသူ။
၃။ မိတ်ဆွေအား ပေးလိုသော်လည်း ကျွန်ုပ်မှာ ဤဥစ္စာအပြင် မရှိ၍ မပေးရပါဟု ပြောတတ်သူ။
၄။ မိတ်ဆွေက တစ်စုံတစ်ရာ ငှားလာသောအခါ မငှားရစေခြင်းငှာ လွှဲဖယ်၍ ပြောတတ်သူ။