၁။ ပရိနိဗ္ဗာန်စံပြီးသည်နောက် ဓမ္မာသောကမင်းသည် မဟာဗောဓိပင်၏ ဒက္ခဏိသာခါ လက်ယာတောင်ကိုင်းကို သီဟိုဠ်ကျွန်းသို့ ယူဆောင်အံ့ငှာ ကာလ၌ ဆေးဒါန်းမြင်းသီလာဖြင့် သားရာအရပ်မှ အလိုလိုပြတ်စေသတည်း။
၂။ ထိုဗောဓိကိုင်းသည် အမြစ်၊ အသီး၊ အပွင့်၊ အရွက် ကောင်းစွာထွက်၍ အခက်အလက်ကြားတို့မှ ခြောက်ပါးသော ရောင်ခြည်တော်ကွန်ရက်တို့ ထွက်စေသတည်း။
၃။ ထိုဗောဓိပင်သည် ကောင်းကင်သို့ ပျံတက်၍ ခုနစ်ရက်ပတ်လုံး ဆီးနှင်းတိမ်တိုက်၌ တည်စေသတည်း။
၄။ သီဟိုဠ်ကျွန်း အနုရာဓမြို့၏ တောင်မျက်နှာ၌ ရှေးဘုရားတို့၏ ပရိဘောဂစေတီ တည်ဖူးရာဌာန၌ ငါဘုရား၏ လက်ယာညှပ်ရိုးတော်ဓာတ်သည် ထန်းခုနစ်ဆင့်မြင့်သော ကောင်းကင်က်၌ တန့်နား၍ ငါဘုရားပြဋိဟာပြသကဲ့သို့ ရေမီး အစုံနှင့်တကွ ပြစေသတည်း။
၅။ သီဟိုဠ်ကျွန်း၌ မဟာစေတီတည်သောအခါ ဌာပနာအပ်ကုန်သော တစ်ဒေါဏမျှလောက်သော ငါ၏ ဓာတ်တော်တို့သည် ငါဘုရား၏အသွင်ဆောင်ကုန်လျက် ကောင်းကင်သို့ ပျံတက်၍ ရေမီးအစုံ ယမိုက်ပြာဋိဟာကို ပြရစ်စေသတည်း။