ပဋိသန္ဓေနေဆဲ ကာလအပိုင်းအခြား (၁၀) ပါး

၁။ ကလလသတ္တာဟ = ရေကြည်အဖြစ် အသားအိမ်တွင်း၌ တည်နေသောခုနစ်ရက်။
၂။ အဗ္ဗုဒ သတ္တာဟ = အမဲဆေးရည်ဖြင့် အမြုပ်ဖြစ်၍ တည်သောခုနစ်ရက်။
၃။ ပေသိသတ္တာဟ = ခဲနက်ရည်အဆင်းနှင့် တူသောသားတစ်အဖြစ်ခုနစ်ရက်။
၄။ ဃနသတ္တာဟ = ကြက်ဥခန့်မျှလောက်သော အခဲအလုံးအဖြစ် ခုနစ်ရက်။
၅။ ပသာခသတ္တာဟ = ခက်မငါးဖြာထွက်ရန် အဖုပေါ်၍ လာသောခုနစ်ရက်။
၆။ ပရိဏတသတ္တာဟ = ရုပ်စဉ်အတိုင်း ရင့်ကျက်သော ကာလခုနစ်ရက်။
၇။ စက္ခုသတ္တာဟ = စက္ခုဖြစ်၍ တည်သောကာလ ခုနစ်ရက်။
၈။ သောတသတ္တာဟ = သောတဖြစ်၍ တည်သော ကာလခုနစ်ရက်။
၉။ ဃာနသတ္တာဟ = ဃာနဖြစ်၍ တည်သော ခုနစ်ရက်။
၁၀။ ဇိဝှာသတ္တာဟ = ဇိဝှာဖြစ်၍ တည်သောကာလ ခုနစ်ရက်။ ( ဤအခါ သားသူငယ် အကောင်ထင်ရှားပြီ၊ ၎င်းအတွင်း ဆံပင် မွေးညှင်း ခြေသည်း လက်သည်းတို့ ထိုက်သည့်အားလျော်စွာ ဖြစ်လာကုန်၏။ ၄၂ သတ္တာဟ ကိုးလနှင့် နှစ်ဆယ့်လေးရက် = ၂၉၄ ရက်ကြာမှ အလုံးစုံပြည့်စုံ၍ မွေးဖွားချိန်ရောက်သည်။ )