မိတ်ဆွေအတု (၁၆) ယောက်

အညဒတ္ထုဟရ မိတ်တု - ၄ ယောက် ဟူသည်ကား-

၁။ အခါခပ်သိမ်း မိမိထံမှ ပစ္စည်းဥစ္စာကိုသာ ဆောင်ယူလေ့ရှိတတ်သော မိတ်တု။
၂။ မိမိထံသို့ တစ်စုံတစ်ရာ အနည်းငယ်မျှကိုသာ ယူလာပြီး အများအပြားကို ဆောင်ယူလေ့ရှိတတ်သော မိတ်တု။
၃။ ဘေးအန္တရာယ် တစ်စုံတစ်ခုနှင့် ကြုံတွေ့လာသောအခါ၌ လာရောက်မှီခိုကာ အမှုကိစ္စကို ဆောင်ရွက်ပြီးလျှင် အမှုကိစ္စပြီးစီးသောအခါ ပြန်လှည့်၍မကြည့် သတိမှ မရတတ်သော မိတ်တု။
၄။ သူ၏အကျိုးစီးပွားအတွက် သက်သက်ကိုသာ လာရောက်မှီခိုတတ်သော မိတ်တု။

ဝစီပရမ မည်သော မိတ်တု ၄ ယောက် ဟူသည်ကား

၅။ မိတ်ဆွေ မနေ့က လာလျှင်ဖြင့် ရနိုင်ပေ၏။ ယနေ့မှ လာသည့်အတွက် မပေးရပါဟူ၍ အတိတ်ဖြစ်သော စကားတို့ဖြင့် ချီးမြှောက်ပြောဆိုတတ်သော မိတ်တု။
၆။ မိတ်ဆွေ လာတာ စောနေပါသည်၊ မနက်ဖြန်၊ သန်ဘက်လောက်ဆိုလျှင် ရနိုင်ပေ၏ဟု အနာဂတ်ဖြစ်သော စကားတို့ဖြင့် ချီးမြှောက်ပြောဆိုတတ်သော မိတ်တု။
၇။ မိတ်ဆွေအား ဤဝတ္ထု၊ ဤပုဆိုးနှင့် သင့်လျော်သည့်အတွက် ပေးချင်ပါသည်၊ သို့သော်လည်း အကျွန်ုပ်၌ ဤတစ်ခု ဤတစ်ထည်သာ ရှိသည့်အတွက် မပေးရပါဟု အချည်းနှီးသော စကားတို့ဖြင့် ချီးမြှောက်ပြောဆိုတတ်သော မိတ်တု။
၈။ မိတ်ဆွေအား တစ်စုံတစ်ခု ရထားဖြစ်စေ၊ လှည်းဖြစ်စေ အလိုရှိက ငှားချင်ပါ၏၊ သို့သော်လည်း လှည်း၌ ဝင်ရိုးကျိုးနေသည်ဟူ၍ လည်းကောင်း၊ ရထား၌ ဘီးပျက်နေသည်ဟူ၍ လည်းကောင်း၊ အပျက်စကားနှင့်သာ ချီးမြှောက်ပြောဆိုတတ်သော မိတ်တု။
၉။ မကောင်းမှုကို ပြုလုပ်နိုင်ရန် တိုင်ပင်ပါကလည်း ကောင်း၏ဟူ၍ ပြောဆိုတတ်သော မိတ်တု။
၁၀။ ကောင်းမှုကို ပြုလုပ်ရန် တိုင်ပင်ပါကလည်း ကောင်း၏ဟူ၍ ပြောဆိုတတ်သော မိတ်တု။
၁၁။ ရှေ့တွင်သာ ကျေးဇူးစကားကို ပြောဆိုတတ်သော မိတ်တု။
၁၂။ မျက်ကွယ်ရာ၌ ကျေးဇူးမဲ့စကားကို ပြောဆိုတတ်သော မိတ်တု။
၁၃။ အရက်သေစာ သောက်စားမှု၌ တိုက်တွန်းတတ်သော မိတ်တု။
၁၄။ အလောင်းအစားကစားမှု၌ တိုက်တွန်းတတ်သော မိတ်တု။
၁၅။ ပွဲလမ်းသဘင် ပျော်ရွှင်မှု၌ တိုက်တွန်းတတ်သော မိတ်တု။
၁၆။ ညအချိန်မတော် လမ်းလျှောက်မှု၌ တိုက်တွန်းတတ်သော မိတ်တု။

(သုတ်ပါထေယျ ပါဠိတော် သိင်္ဂလောဝါဒသုတ်)