သုခ (၄) ပါး

၁။ အတ္ထိသုခံ - ငါ့အား ရှိသည်ဟု မကြောင့်ကြဝမ်းမြောက် ချမ်းသာခြင်း။
၂။ ဘောဂသုခံ - ရှိသည့်အတွက် လှူဒါန်းရပေသည်။ အလိုရှိတိုင်း စားသုံးရပေသည်ဟု ဝမ်းမြောက်ချမ်းသာခြင်း။
၃။ အာနဏျသုခံ - မပြည့်စုံမှုကြောင့် သူတစ်ပါးထံသို့ မတောင်းရမ်းရ၊ ကြွေးမြီ မတင်ပေရဟု ဝမ်းမြောက်ချမ်းသာခြင်း။
၄။ အနဝဇ္ဇသုခံ - အသက်မွေးမှုဥစ္စာအတွက်နှင့် အကုသိုလ်မကောင်းမှု မပြုပေရဟု ဝမ်းမြောက်ချမ်းသာခြင်း။