ဘုရားရှင်တို့ အားတော် (၁၀) ပါး

၁။ လူဗိုလ်ခြေတစ်ကျိပ်အားကို ကာလာဝက ဆင်တစ်စီးနှင့် ညီမျှ၏။
၂။ ကာလာဝကဆင်ဆယ်စီး = ဂင်္ဂေယျဆင် တစ်စီး။
၃။ ဂင်္ဂေယျဆင်ဆယ်စီး = ပဏ္ဍရဆင် တစ်စီး။
၄။ ပဏ္ဍရဆင် ဆယ်စီး = တမ္ဗဆင် တစ်စီး။
၅။ တမ္ဗဆင် ဆယ်စီး = ပိင်္ဂလဆင် တစ်စီး။
၆။ ပိင်္ဂလဆင် ဆယ်စီး = ဂန္ဓဆင် တစ်စီး။
၇။ ဂန္ဓဆင် ဆယ်စီး = မင်္ဂလဆင် တစ်စီး။
၈။ မင်္ဂလဆင် ဆယ်စီး = ဟေမဆင် တစ်စီး။
၉။ ဟေမဆင် ဆယ်စီး= ဥပေါသထဆင် တစ်စီး။
၁၀။ ဥပေါသထဆင်ဆယ်စီး = ဆဒ္ဒန်ဆင် တစ်စီး။ ( ဆဒ္ဒန်ဆင်ဆယ်စီးအားကို မြတ်စွာဘုရားရှင်ဆောင်တော်မူနိုင်၏။ ပကတိဆင်မည်းအားဖြင့် ကုဋေတစ်ထောင်၊ လူတို့အားဖြင့် ကုဋေတစ်သောင်းနှင့် ညီမျှ၏ ကေသရာဇာခြင်္သေ့အားသည် ၎င်းတို့တွင်အတူပင်ဟုမှတ် )။