မကြောင့်ကြအပ်သည်ကို ကြောင့်ကြသောသတ္တဝါ (၄) ဦး

၁။ ကြိုးကြာငှက် - မြေကြီးပျောက်အံ့သည်ကို စိုးရိမ်၍ အသာအသာနင်းသည်။
၂။ မျောက် - မြေကြီးပျောက်အံ့သည်ကို စိုးရိမ်၍ တစ်ညကို သုံးခါဆင်း၍ စမ်းသပ်သည်။
၃။ တီ - မြေကြီးကုန်အံ့သည်ကို စိုးရိမ်၍ မြေကို ထွေးအန်ကြသည်။
၄။ တီတီတွတ်ငှက် - မိုးပြိုအံ့သည်ကို စိုးရိမ်၍ အိပ်သောအခါ ပက်လက် ခြေမိုးမျှော် အိပ်သည်။ (သုတ္တနိပါတ် အဋ္ဌကထာ၌ ပုဏ္ဏားသည် အနွယ်အဆက်ပြတ်အံ့သည်ကို စိုးရိမ်၍ သားမယားကို လုပ်ကျွေးသည်ဟုဆိုသည်။မျောက်ကို မဆို ။ သို့ရာတွင် အချို့က မျောက်ကိုသွင်း၍ လေးပါး ဆိုကြကြောင်း အစိန္တေယျဝတ္ထု၌ ဆိုသည်။)