ရဟန်းများ ဝါမကပ်အပ်သော (၇) နေရာ

၁။ သစ်ခေါင်းအတွင်း၌ ဝါမကပ်အပ်။
၂။ သစ်ပင်ခွကြား၌ ဝါမကပ်အပ်။
၃။ လွင်တီးခေါင်၌ ဝါမကပ်အပ်။
၄။ ကျောင်းအိပ်ရာနေရာမရှိဘဲ ဝါမကပ်အပ်။
၅။ သူသေကောင်ထားရာတဲ၌ ဝါမကပ်အပ်။
၆။ ထီးကို မှီခို၍ ဝါမကပ်အပ်။
၇။ အိုးစရည်းကြီးကို မှီခို၍ ဝါမကပ်အပ်။
(ဝါကပ်သော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏။)