မယားအပြား (၇) ပါး

၁။ ဝဓကသမာ - ရန်သူနှင့် တူသောမယား - လင်ကို ပြစ်မှားသောစိတ်ဖြင့် တစ်ခြားသော ယောက်ျား၌ တပ်နှစ်သက်၏။ လင်ကို ကျွန်ကဲ့သို့ သဘောထား၏။ အသက်ကို အမြဲတမ်းရန်ရှာ၏။
၂။ စောရသမာ - ခိုးသူနှင့် တူသောမယား - လင်မှရှာဖွေ၍ ရသော ပစ္စည်းများကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လင်မျက်ကွယ်သည်နှင့် ခိုး၏။
၃။ အယျသမာ - သခင်နှင့်တူသော မယား - အိမ်မှုလုပ်လေ့မရှိ ပျင်းရိ၏။ အစားကြူး၏။ကြမ်းကြုတ်၏။အမျက်ထွက်တတ်၏။ နှုတ်ကြမ်း၏။ မကောင်းသော စကားကို အမြဲဆိုလေ့ရှိ၏။
၄။ မာတုသမာ - အမိနှင့် တူသောမယား - လင်၏ ကြီးပွားမှုကို အမြဲအလိုရှိ၏။ အမိသည် သားကို စောင့်ရှောက်သကဲ့သို့ လင်အပေါ်၌ စောင့်ရှောက်၏။
၅။ ဘဂိနီသမာ - နှမနှင့်တူသော မယား - အစ်ကိုကို ရိုသေသကဲ့သို့ မိမိလင်ကို ရိုသေ၏။လင်၏ အလိုသို့လိုက်၍ လင်အကြိုက်ကို ပြုတတ်၏။
၆။ သခိသမာ - အဆွေခင်ပွန်းနှင့် တူသော မယား- ခရီးဝေးမှ ပြန်လာသော လင်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆို၏။ ကိုယ်ကျင့်ကောင်း၏။ လင်ကိုကောင်းမွန်စွာ လုပ်ကျွေးတတ်၏။
၇။ ဒါသိသမာ - ကျွန်နှင့်တူသော မယား - လင်သည် အမျက်ထွက်သည့်အခါ ရိုက်မောင်းပုတ်မောင်းပြု၍ ခြိမ်းခြောက်သော်လည်း အမျက်မထွက်သည်းခံ၏။ ကျိုးနွံစွာ လုပ်ကျွေး၏။
(၅၅၀ - သုဇာတဇာတ်)